Saturday, September 20, 2014

လက်တွေ့သုံးသပ်ချက်

အလွန်အကြူ ကိုးကွယ်မှုသည် တစ်ခါတစ်ရံ ကျွန်ုပ်တို့ အတွက် အဟန့်အတား ဖြစ်စေသည်။ ကိုးကွယ်မှု သည်ကောင်း၏။ လမ်းပြခြင်းလည်း ပြု ပေ၏။ သို့သော် တစ်ခါတစ်ရံ လေးလံလာစေသည်။ ယနေ့ မြန် မာပြည်ဝယ် ကြည့်ပါ။ အားလုံးသည် ဘောင်ကန့်ထားသည်နှင့် တူ၏။
ဘာသာကြီးများကို ကိုးကွယ်သည်ထက် နတ်နဂါးများကို ကိုးကွယ်ခြင်းသည် သာလွန်ခဲ့ပြီ မဟုတ်ပါလော။ ဘာသာတရားတို့သည် လမ်းပြများ အဖြစ် ဆောင်ရွက်လာသည်မှာ ကျွန်တော်တို့ အသိပင် ဖြစ်သည်။ သို့သော် အထက်ပါ ကိုးကွယ်မှုသည်ကား ဘာသာတရားမဟုတ်ပေ။ မျောက်ပြ ဆန်တောင်းသာ ဖြစ်ချေ၏။ နတ်စကားနှင့် ပြောရလျှင် မကိုးကွယ်ပါနှင့်။ စော်ကားခြင်းလည်း မပြု ပါနှင့်။ သူတို့က ကိုယ့်ထက် အသက် ကြီးသည်လေ။
ဆိုတော့ သူတို့ကို ပပျောက်အောင် လုပ်ဖို့ လိုချေပြီ။ အမြစ်ကတော့ တွယ်နေပြီ ဖြစ်၍ ထားပါတော့။ နောက် လူများ မပါအောင် လုပ်ဆောင်ရတော့မယ်။ ဟောပြောမှုများ ဆောင်ရွက်ကြရမည်။ ဟောပြောသည်ဆိုခြင်း  မှာ လူ၁၀၀ စုမိမှ ပြောရသည် မဟုတ်။ တစ်ယောက်ကို နားလည်အောင် ရှင်းပြသည်လည်း ဟောပြောခြင်း  မည်ပေသည်။
လက်တွေ့ကို မယုံဘဲနှင့် လေဟာနယ်ကို ဖမ်းဆုပ်ချင်သည့် စိတ်ကို ဖြုတ်ပစ်ရအုံးမည်။ ဟုတ်ပါသည်။ လူတို့  မှာအတ္တရှိကြသည်ကို မငြင်းလိုပါ။ အတ္တကို တခြားနေရာတွင် အသုံးချပေးဖို့ လိုသည်။ လိုအပ်မှုကို ကိုယ်စွမ်း ညာဏ်စွမ်းမှ ရသည်ကို သိရှိစေခြင်းသည် ကယ်တင်ခြင်းပင် ဖြစ်သည် မဟုတ်ပါလော။

No comments:

Post a Comment