မြန်မာ စာပေလောက၌ ဘကြီး မိုးဟု ချစ်စနိုး
အစွဲပြုခေါ်ခံရသူ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ သည် ၁၉၅၃ ခုနှစ်ထုတ်
မန္တလေး “ဗဟိုစည်” မြန်မာ့ လမ်းစဉ် တို့တွင် ကဗျာများ စတင် ရေးသားခဲ့ပြီး
အနု ပညာလောက သို့ဝင်ရောက်ခဲ့ သည်။ ကြေးစား၊ အိပ်ဇိုးဒပ်၊ ကျား ကုတ်ကျားခဲ၊
သဲကြီးမဲကြီး၊ အိပ်မက် ကုန်သည်၊ သေနေ့၊ မာဖီး ယားနှင့် ပေါ်ပီပန်း စသည့်
ဘာသာပြန် ဝတ္ထု များဖြင့် ထင်ရှား အောင်မြင်ခဲ့သည်။ “မန်း” ခေတ်သတင်းစာနှင့်
ခေတ်ဂျာ နယ်တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ပြီး မိုးဦးပန်း စာပေ
တိုက် တည်ထောင်ခဲ့ သူဖြစ်သည်။ ရေပွက် ပမာနှင့် ရန်ကုန် သားနှင့် မန္တလေးသူ
ဇာတ်ညွှန်း များ ရေးသား ခဲ့ပြီး မှုန်နံ့သာခြယ်ကာ သပါလို့၊ ကျွန်တော့်
နာမည်ကျော်ကျော် အပါ အဝင် ရုပ်ရှင် ဇာတ်ကား ဆယ်ကား ကျော်မျှ ဒါရိုက်တာ
အဖြစ် ရိုက်ကူး ခဲ့သည်။ ဗီဒီယိုခေတ်ဦး တွင်လည်း ရှက်လည်း ရှက်တယ်။
ချစ်လည်း ချစ် တယ်နှင့် ချစ်ခဲ့မိပြီ ဇာတ်ကားများ ရိုက်ကူးခဲ့သူ ဖြစ်သည်။
တစ်ခေတ် တစ်ခါက မြန်မာ့ စာပေလောက ၌ နိုင်ငံရေး စာပေသည် ဖွံ့ဖြိုးထွန်း
ကားခဲ့သလို လူငယ်ထု ၏ အတွေး အခေါ် ဥာဏ်ပညာ မြင့်မား၍ စိတ်ပိုင်း ဆိုင်ရာ
ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အားကောင်းစေ ခဲ့သည်။ ထို့ ကြောင့်
နိုင်ငံရေး စာပေနှင့် ထိတွေ့ မှုအား ကောင်း ခဲ့သော ခေတ် ကို လူငယ် တစ်ယောက်
အနေဖြင့် ဖြတ် သန်းခဲ့ ဖူးသူ ဆရာ မောင်မိုးသူက..
“နဂါးနီ စာပေ ကနေ နိုင်ငံရေး စာပေ စတင်
ပေါ်လာတယ်လို့ ပြောရမယ်။ နဂါးနီ စာပေ၊ နဂါးနီတိုက် က ထုတ်တဲ့ စာအုပ်တွေ က
တိုင်းပြည်ရဲ့ နိုင်ငံရေးကို ဖွံ့ဖြိုးစေ ခဲ့တယ်။ လှုံ့ ဆော်ခဲ့တယ်။ စစ်ကြီး
အတွင်း ခေတ် ကာလမှာလည်း နိုင်ငံရေး စာပေတွေ အများကြီး ထွက်ပေါ်ခဲ့တယ်။
စစ်ပြီး ခေတ်မှာတော့ အထူးသဖြင့် ကွန်မြူ နစ်ဝါဒ ထွန်းကား လာတယ်။ ဒီတော့
ကွန်မြူနစ် စာပေတွေက ကမ္ဘာ အနှံ့ ပျံ့နှံ့သွားတယ်။ မြန်မာ ပြည်မှာ ရှိတဲ့
ဗိုလ်ချုပ်အောင်ဆန်း၊ သခင် သန်းထွန်းတို့ အပါအဝင် နိုင်ငံရေး သမား တွေ
ကွန်မြူနစ် စာပေကို တည်ထောင် ပြီးတော့ လေ့လာ လိုက်စားကြတယ်။ ဖတ်ကြတယ်။
ဘဘအပါ အဝင် စာရေးဆရာ အများစုက များသော အားဖြင့် ကွန်မြူနစ် စာပေတွေနဲ့ ကြီး
ပြင်းလာတဲ့ သူများပါတယ်။ ဘဘတို့ ခေတ်က လူတွေ ပေါ့နော်။ နောက်ပိုင်း
ကွန်မြူနစ် စာပေတွေ ကျဆုံး သွားတော့ မဖတ် တတ်တော့ ဘူးပေါ့။ ကွန်မြူနစ် စာ
ပေတွေ ထွန်းကားတဲ့ အချိန် ကွန်မြူ နစ်တိုင်းပြည် နှစ်ခုဖြစ်တဲ့ ဆိုဗီယက်
ယူနီယံ၊ ဆိုဗီယက် တရုတ်တို့က ကွန်မြူနစ် စာပေ တွေကို မြန်မာနိုင် ငံမှာ
အလကား နီးနီးဖြန့်ချိ ရောင်းချ ကြတာတွေ ရှိတယ်။ အင်္ဂလိပ် ဘာသာ တွေနဲ့ပေါ့။
ကမ္ဘာပေါ်မှာ ကွန်မြူနစ် ဝါဒ အကြီး အကျယ် ထွန်းကားခဲ့တယ်။ အရေး အကြီးဆုံး ဝါဒ
သဘောမျိုးနဲ့ အကုန်လုံးက လေ့လာ လိုက်စားကြ တယ်။ ဘဘတို့ အပါအဝင်ပေါ့။ စစ်
ပြီးခေတ်မှာ သခင်စိုးတို့၊ သခင်သန်း ထွန်းတို့က နိုင်ငံရေး စာပေတွေ ရေးသား
ကြတယ်။ ဒီ့အပြင် လူတွေ လည်း ရှိတာပေါ့။ ထင်ရှားတဲ့ စာ ရေးဆရာတွေက
နိုင်ငံရေး သဘော တရား စာအုပ်တွေကို ဘာသာ ပြန်ပြီး ရေးတယ်၊ ဖတ်ကြ တယ်။
ဆိုဗီယက် ယူနီယံ အကြောင်းရေးတာ ရှိတယ်။ ကွန်မြူနစ် အကြောင်းရေးတာ ရှိ တယ်။
အဲဒါက မဆလ အစိုးရလက် ထက်ထိ တိုက်ခိုက် တာတွေတော့ ရှိ တာပေါ့လေ။ အဲဒီမှာ
မဆလနဲ့ ကွန်မြူနစ် တို့ နှစ်ခြမ်း ကွဲပြီးတော့ ကွန်မြူနစ် က တောခို၊ မဆလက
ကျန်ခဲ့တယ်။ ထိုက်တန်တဲ့ လဲလှယ်မှု တော့ရှိတာပေါ့။ ဒါပေမဲ့ တိုက်ပွဲတွေ
ကတော့ ဖြစ်တုန်းပဲ။ ဒီကနေ တစ်ဆင့် ဗိုလ်နေဝင်း အစိုးရတက်လာတယ်။ တက်လာတဲ့
အချိန်ကစပြီး နိုင်ငံရေး စာပေတွေ ရပ်တန့် သွားခဲ့တယ်လို့ ဘဘမြင်တယ်”ဟု
ဆိုပါသည်။
ဆက်လက်ပြီး တဖြည်းဖြည်းနှင့် နိုင်ငံရေး
စာပေများ ပျောက်ကွယ် လုနီးပါး ဖြစ်ခဲ့ရပြီး လူငယ်များ အနေ ဖြင့်လည်း
နိုင်ငံရေး အသိစိတ်ဓာတ်နိုး ကြားမှု ငုပ်လျှိုးမှေး မှိန်စေသည့် စစ် အစိုးရ
လက်ထက် စာပေလောက အ နေအထား အကြောင်းကိုလည်း..
“စစ်အစိုးရရဲ့ နှစ်ငါးဆယ် ခရီး ကတော့
ဘဘတို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး စာပေတွေ ထွန်းကားသလို ပေါ့လေ။
နိုင်ငံရေးကို အကြောင်းပြု တဲ့ လှုပ်ရှားမှုတွေ ပိတ်ပင်ခံရ တယ်။ ဒီမိုကရေစီ
လည်း ပိတ်ပင်ခံရတယ်။ ကျောင်းသား သမဂ္ဂတွေ ဖျက်သိမ်း ခံရတယ်။ နိုင်ငံရေး
ပါတီတွေလည်း ဖြုတ်သိမ်း ခံရတယ်။ ကျောင်းသား တွေ က နိုင် ငံရေး
မလုပ်ရတော့ဘူး။ အမျိုးမျိုး ဒုက္ခရောက် ခဲ့ကြရတယ်။ တစ်ပါတီ အာဏာရှင်
စနစ်အောက် နှစ်ပေါင်း ၅ဝ ကြာနေခဲ့ကြ ရတာ ပေါ့။ ဒါကြောင့်လည်း အသိဥာဏ်
ဖွံ့ဖြိုးမှု မရှိဘူး ဖြစ်သွားတာ။ စာပေ ထွန်းကားမှ၊ စာပေဖွံ့ဖြိုးမှ
တိုင်းပြည် တိုးတက်တာ။ အကုန်လုံး ပိတ်တော့ သိခွင့်မရဘူး။ ဒီတော့
တိုင်းပြည်ကြီး က ချွတ်ခြုံကျ မွဲတေ ဆင်းရဲ နိမ့်ကျ သွားတာပေါ့” ဟု
ဆရာမောင်မိုးသူ က ပြောပါသည်။
သည့်နောက် မှာတော့ ယခုအခါ တွင် နိုင်ငံရေး
စာပေ ထွက်ရှိလာမှု သည် မြန်မာ့နိုင်ငံရေး ပွင့်လင်းလာ မှုနှင့်အတူ ပိုမို
များပြားလာခဲ့ပြီး လူငယ်များ အတွက် နိုင်ငံရေး အသိ စိတ်ဓာတ်များ
ထိတွေ့နိုးကြားခွင့် ရရှိလာစေခြင်း အပေါ်ကိုလည်း ဆရာ မောင်မိုးသူက
“အခုနိုင်ငံရေး စာအုပ်တွေ အများကြီး ပေါ်ထွက်လာ တာပေါ့။ ဒါပေမဲ့
စာအုပ်တိုင်း ကောင်းတယ်လို့ မယူဆချင်ဘူ။ ပေါ် လာတိုင်း၊ ထွက်လာ တိုင်း
ကောင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ ပေါ်လာတာ၊ ထွက်လာတာ ကောင်းတယ်။ ကိုယ် ပိုင်
ဥာဏ်၊ ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ လွတ်လွတ် လပ်လပ်နဲ့ ဘယ်စာ ကောင်းလဲ၊ ဘယ်စာ
ပိုပြီး ပြည့်စုံလဲ၊ ရွေးချယ် ဖတ်ရှုလို့ရတာပေါ့။ နိုင်ငံ ရေး ဧရိယာက
စာပေတွေ များများ ထွက်လေ ကောင်းလေပဲ။ တချို့ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်
ဝါဒတွေ မရှိတော့ဘူး ဆိုပြီး အသီးသီး ရေးကြ တယ်။စာအုပ်အဟောင်းတွေ ကို ပြန်
ပြုပြင် ပြီးတော့ လည်း ထုတ်ဝေကြ တယ်။ ဒီလို အသီးသီးရေးပြီး ထုတ် ဝေကြတော့
နယ်ပယ် ကျယ်ပြီး အတွေးအခေါ် များများရလာတာ ပေါ့။ နောက်တစ်ချက် က
နိုင်ငံဖွံ့ဖြိုး၊ မထွန်းကား ရတဲ့ အကြောင်း အရင်း ထဲမှာ ဘာသာပြန် စာပေ
မထွန်းကား တာလည်း ပါတယ်။ တရုတ်နိုင်ငံက ထွက်တဲ့ ကုန်ပစ္စည်း တွေဟာ အကုန်
တရုတ်စာတွေ နဲ့ပဲထွက်တယ်။ အင်္ဂလိပ် စာပေလည်း လေ့လာ လိုက်
စားကြတယ်။ဘယ်လိုပဲဆိုစေ ထုတ် ကုန်တိုင်းက တရုတ်စာ နဲ့ ထွက်နေ တော့
အတတ်ပညာတွေ လေ့လာရာ မှာ အားသာချက် ရှိနေပြီ။ အခုဆိုရင် အွန်လိုင်းခေတ်
ရောက်နေပြီ။ နည်း ပညာတွေ ဖွံ့ဖြိုးနေပြီ။ အရာရာကို လွယ် လွယ်ကူကူနဲ့
လေ့လာလိုက် စားရုံပဲ။ ဘဘ တို့ခေတ်က ကိုးကားဖို့ တောင် စာအုပ် မစုံဘူး။ ဘယ်
စာပေ ပဲ လိုက်စား လိုက်စား အချိန် တိုအ တွင်း အကုန် လေ့လာနိုင်တယ်။ နိုင်ငံ
ရေးစာပေ ဆိုလည်း အများကြီး ထွက် လာ တယ်။ ဒါမှမဟုတ် အွန် လိုင်းမှာ
လေ့လာနိုင်တယ်။ဒါက လူငယ်တွေ အတွက် အားသာချက်တွေပေါ့”ဟု ပြောကြားခဲ့ပါသည်။
Mဘွယ်
No comments:
Post a Comment