ပရိယေသန
ဝမ်းစာအတွက် အသိုက်က ထွက်သွားတဲ့ ငှက်ဟာ တစ်နေဝင်လို့ အသိုက်ကို ပြန်တဲ့အခါ
အသက်နဲ့ခန္ဓာကိုယ် တွဲလျက်ပြန်လာနိုင်မလား။ မျက်လုံးတစ်ဖက် ကျန်ခဲ့မလား။
အတောင် ကျိုးခဲ့မလား။ ခြေထောက်တစ်ချောင်း ကျိုးလာမလား ဆိုတာ ဘယ်သူမှ
အတတ်မသိနိုင်သလိုပါပဲ။ မနက် မိုးလင်းလို့ အိမ်က ထွက်လာကြရတဲ့ လူတွေဟာလည်း
အသိုက်က ထွက်လာကြရတဲ့ ငှက်တွေလိုပါပဲ။ ဘာမှ မထူး၊ ဘာမှမခြားနားပါဘူး။
အတောင်ဖြန့်ပြီးတော့ ကောင်းကင်က ပျံတာနဲ့ မြေပေါ်က လျှောက်ရတာပဲ ကွာပါတယ်။
အလျှိုအလျှို အိမ်က ထွက်လာကြရပြီး
အချိန်တန်လို့ အိမ်ကို ပြန်ဝင်တဲ့အခါ ထမင်းဝိုင်းမှာ ဘယ်သူများ လိုနေမလဲ
ဆိုတဲ့ ထိတ်လန့် ဖွယ်ရာ အတွေးစတွေနဲ့ နေထိုင်ရတဲ့ လူ့ဘဝကို အခုကစလို့
အဆင်ပြေစေချင်ပါပြီ။ ငြိမ်းချမ်းစေချင်ပါပြီ။ လူ့ လောက လူ့ဘဝဆိုတဲ့
စည်းဝိုင်းကြီးအတွင်း ပျော်ရွှင်စွာ ရောက်လာပြီးမှ ဘယ်လို
အစီရင်ခံစာမျိုးကိုမှ ရေးမနေကြတော့ဘဲ မိမိကိုယ်မိမိ ချက်ချင်း နုတ်
ထွက်သွားကြတဲ့ ရှယ်လီ၊ ဂျွန်ကိ၊ ဗင်ဂိုး၊ ဒေါက်တာရီဇော်၊ ဖူးချစ်၊
ဂျက်လန်ဒန်၊ မြို့မငြိမ်း၊ ဒူမွန်ဆိုတဲ့ သူတွေဟာ လူနဲ့ နိုင်ငံရေး၊ လူနဲ့
အမှန်တရားဆိုတဲ့ ဆက်စပ်မှုကြားမှာ ဒီလို ထိတ်လန့်ရမှုတွေကို မခံစားနိုင်ကြ
တော့လို့ပါ။ သူတို့ဟာ ကိုယ့်ကိုယ်ကို သတ်သေခြင်း နဲ့ ရုန်းထွက်သွားကြပါတယ်။
သူတို့က လူ့ဘဝကြီးက ဒီလိုရှိနေတယ်လို့
ပြောခဲ့သလိုပါပဲ။ လပေါ်၊ အင်္ဂါဂြိုဟ်ပေါ်မှာ လူတစ်ယောက် အောင်မြင်မှုတွေနဲ့
ဂုဏ်ယူ စွာ လမ်းလျှောက်နေတုန်းမှာ ကမ္ဘာမြေကြီးပေါ်မှာလည်း
ခန္ဓာကိုယ်ရဲ့အသွေးအသားတွေကို ရောင်းစားနေရတဲ့ မိန်းကလေး တစ်ယောက်ဟာ
သူမရဲ့မပြေလည်မှုတွေအတွက် လမ်းလျှောက်နေရပါတယ်။ စဉ်းစားကြည့်ကြစမ်းပါ။ ဒါဟာ
ဘယ်လောက် အားကောင်းတဲ့ အောင်ပွဲနဲ့ ဘယ်လောက် အားငယ်လွင့်စဉ်သွားစရာ
ကောင်းတဲ့ လူသားနှစ်ယောက်ရဲ့ ကြေကွဲဖွယ်ရာ ဆက်စပ်နေ တဲ့ မျဉ်းတစ်ကြောင်းလဲ
ဆိုတာ။
''ခေတ်ကြီးက မတူတော့ဘူးဗျ။ လိုက်လို့
မမီနိုင်အောင်ကိုပဲ အရမ်းတိုးတက်နေပါပြီ'' ဆိုပြီး လူမိန်းမတစ်ယောက်ကို
ငွေပေး ဆက်ဆံတဲ့စနစ် (အကျင့်)ကြီးက ခုထက်ထိ ရှိနေသေးတယ်ဆိုတော့
ခင်ဗျားတို့၊ ကျွန်တော်တို့ဟာ ဘယ်ဟာကို ဂုဏ်ယူပြီး ဘယ်ဟာကို ရှက်စရာလို့
ယူဆကြမှာလဲ ဆိုတာ ပြောကြည့်ကြစမ်းပါဦး။
ရိုက်ညီနောင် လေယာဉ်ပျံကို
စတင်တီထွင်ခဲ့တဲ့ ဒူမွန်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အဆင့်ဆင့်
သူကြိုးစားဖန်တီးခဲ့တဲ့ လေယာဉ်ပျံနဲ့ လူသားတွေ စီးနင်းလိုက်ပါနေကြတာကို
မြင်ရတော့ မျက်ရည်ကျလုမတတ် ဝမ်းသာလုံး ဆို့ခဲ့ရပါသတဲ့။ ဒီလို ဝမ်းသာလို့မှ
မပြီးသေး ဘူး။ သူ တီထွင်တဲ့ လေယာဉ်ပျံနဲ့ စစ်ပွဲဖန်တီးပြီး
ဗုံးတွေကြဲချလို့ လူတွေ အတုံးအရုံး သေဆုံးကာ လောကကြီး ငရဲပွက်သလို
သွက်သွက်ခါ တာ မြင်ရတော့ ယူကြုံးမရတဲ့စိတ်နဲ့ ငါ မှားခဲ့ပါပေါ့ လားဆိုပြီး
ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။
ကမ္ဘာမြေပေါ်မှာ အဆိပ်ပင်လို ပေါ်ပေါက်
လာခဲ့တဲ့ ကိုလိုနီတွေ၊ ဖက်ဆစ်တွေ၊ အရင်းရှင် ယန္တရား ဆိုတာတွေရဲ့
နိုင့်ထက်စီးနင်း ယုတ်မာမှု၊ စော်ကားမှု၊ မညီမျှမှု ဆိုတဲ့ ဒုစရိုက်
အကျင့်ဆိုးတွေ ကို ဖယ်ရှားပြီး လောကကြီး သာယာဖို့ ကိုယ့်ထမင်း ကိုယ်စားပြီး
ကြီးတော်နွား အလကားကျောင်းတဲ့ သခင်ကိုယ်တော်မှိုင်းတွေ အများကြီးရှိလာဖို့၊
ဂန္ဒီတွေ အများကြီး ရှိလာဖို့၊ အောင်ဆန်းတွေ အများကြီး ရှိလာဖို့
နိုင်ငံရေးသမား ဆိုတဲ့ ဒူမွန်တစ်မျိုး ပေါ် ပေါက်ပေးရပြန်ပါတယ်။
ဒါပေမယ့် ခက်တာက အဲဒီစစ်မှန်တဲ့ နိုင်ငံ
ရေးသမားဆိုတာမှာလည်း အသိုက်ကနေ ထွက်လာခဲ့ရတဲ့ ငှက်တစ်ကောင်ပါပဲ။ အလို
မကျတဲ့ ဆန့်ကျင် ဘက် အင်အားကြီးသူ၊ အာဏာရှိသူဆိုတာတွေရဲ့ ဖမ်းဆီးမှု၊
ထောင်ချမှု၊ အနိုင်ကျင့် နှိပ်စက်မှုကို ခံရပြီး အသိုက် ဆိုတဲ့ အိမ်ကို
ပြန်လာရတဲ့အခါမှာ မိသားစု ထမင်းဝိုင်းမှာ လူမစုံတော့တာတွေကို
ကြုံရတော့တာပဲ။ အဖေ မရှိတော့တာ နဲ့၊ အမေ မရှိတော့တာနဲ့၊ ညီအစ်ကို
မောင်နှမတို့ မရှိကြတော့တာနဲ့ အဲဒီ တော့ သူလည်း ဒူမွန်လိုပဲ ငါ ဖန်တီးမိ တာ
မှားပြီလို့ တွေးမိလာပြီ ဆိုပါ တော့။
ကျွန်တော်တို့ ပြန်တွေးစရာလိုလာပြီ။
ဒူမွန် ဘယ်နှယောက် ဆုံးရှုံးခဲ့ရပြီးပြီလဲ၊ သခင်ကိုယ်တော်မှိုင်း ဘယ်နှယောက်
ဆုံးရှုံးခဲ့ရပြီးပြီ လဲ၊ အောင်ဆန်း ဘယ်နှယောက် ဆုံးရှုံးခဲ့ ရပြီးပြီလဲ၊
ဂန္ဒီ ဘယ်နှယောက် ဆုံးရှုံးခဲ့ ရပြီးပြီလဲ။ အဲဒီအကြောင်းတွေကို စဉ်း စားရင်း
ရုပ်ရှင်တစ်ကားကို ကြည့်လိုက်ရပါတယ်။ မိသားစုဆိုတဲ့ အသိုက်က ထွက်သွားတဲ့
နိုင်ငံရေးသမားတစ် ယောက် အသိုက်ကို ပြန် လာခွင့်ရတဲ့ အချိန်မှာ မိသားစု
အသိုက်အမြုံလေး တစ်ခုဟာ ကြေကွဲဆို့နစ်ဖွယ်ရာ နေထိုင်သွားကြရပုံ ၁၉၇ဝ
ခုနှစ်က တရုတ်ပြည် မှာ တကယ်ဖြစ်ပျက်ခဲ့ရ တဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။
ဇာတ်ကားနာမည်က Coming House တဲ့။
တရုတ်ပြည်ရဲ့ ကမ္ဘာကျော်မင်းသမီး ဂေါင်းလီကို အဓိက သရုပ်ဆောင်စေပြီး
ဒါရိုက်တာ Zhaung Yimou က ၂ဝ၁၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှာ
ရိုက်ကူးပြီးစီးခဲ့ပါ တယ်။ တရုတ်ပြည်အပါအဝင် နိုင်ငံ ရပ်ခြား အတော်
များများမှာ ရုံတင်နေ ဆဲ ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် ရဲ့ အကောင်းဆုံး
ရုပ်ရှင်ဇာတ်ကား ၁ဝဝ စာရင်းထဲမှာ ဝင် သွားခဲ့တယ်ဆိုတဲ့ အတွက်ကြောင့်
ဖြစ်တဲ့နည်းနဲ့ ရအောင်ရှာပြီး ကြည့်ဖြစ်ခဲ့ပါတယ်။
အချိန်တိုတိုအတွင်း မှာ သုံးလေးကြိမ်
ပြန်ကြည့်မိ အောင် ကျွန်တော့်ကို ဆွဲဆောင် နိုင်ခဲ့တဲ့ တကယ့် ရုပ်ရှင်ဇာတ်
ကားကောင်းပါပဲ။ ဖခင်က ပါမောက္ခ၊ မိခင်က အလယ်တန်းပြ ကျောင်းဆရာမ၊ သမီး
ဖြစ်သူက အနီရောင်ရဲမေ အကသင်တန်းကျောင်းမှာ အက လေ့ ကျင့်သင်ကြားနေ သူ။
ယဉ်ကျေးမှု တော်လှန်ရေးကြီး
ပြီးဆုံးသွားခါစ အချိန် ၁၉၇ဝ ဝန်းကျင်ကာလ ပါမောက္ခလျှိုဟာ အလုပ် သမား
အသင်းအဖွဲ့တွေကိုယ် စား ပါတီတစ်ခုမှာ ပါဝင်လှုပ်ရှားရင်း နိုင်ငံရေးမှုနဲ့
အဖမ်းခံရတယ်။ သမီးကလေး တန်းတန်းဟာ ဖခင်ကို မမှတ်မိနိုင် သေးတဲ့ အရွယ်နဲ့
ကျန်ရစ်ခဲ့ တယ်။
ထောင်ကျတဲ့ သက်တမ်းဆယ်နှစ်အတွင်းမှာ
သမီးနဲ့ဇနီးကို လုံးဝမတွေ့ခဲ့ရဘူး။ အကြောင်းတစ်ခုခုကြောင့်
ထောင်ပြောင်းတဲ့အခါ မှာ ပါ မောက္ခလျှိုဟာ ရထားပေါ်က နေ
ခုန်ဆင်းထွက်ပြေးခဲ့တယ်။ လူလားမြောက်ခါစ မြီးကောင် ပေါက်အရွယ် သမီးကလေးက
အနီရောင် ရဲမေ အကသင်တန်းကျောင်းမှာ အတက်ကြွဆုံး ကောင်မလေးတစ်ယောက်အဖြစ်နဲ့
သင်ယူနေတဲ့အချိန်။ သား အမိနှစ်ယောက် ကို ခေါ်ပြီး အာဏာပိုင် တစ်ဦးက
သတိပေးတယ်။
နိုင်ငံရေးသမား ပါမောက္ခလျှိုဟာ
ထောင်ပြောင်းချိန် ထွက်ပြေးတဲ့အတွက် ဝရမ်းပြေး ဖြစ်သွားပြီ။ ဆက်သွယ်တဲ့သူ၊
တွေ့ဆုံတဲ့ သူဟာ ပြစ်မှုတစ်ခုနဲ့ အရေး ယူခံရမယ်လို့ ခေါ်ပြီး သတိပေးတယ်။
သမီးကလေးက ဖခင်အပေါ် အထင်လွဲ မုန်းတီးနေတဲ့ စိတ်အခံ နဲ့၊ သူ့ရဲ့ အကသင်တန်းက
အဓိကသရုပ်ဆောင် (ခေါင်းဆောင်) ရွေးပွဲမှာ မပါဝင်ရမှာ စိုးရိမ်တာတွေနဲ့
ခပ်သွက်သွက် ခေါင်းညိတ် လိုက်ပေမယ့် မိခင် ဖြစ်သူကတော့ အင်းမလှုပ် အဲ
မလှုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားကို တွေ့ချင်တဲ့စိတ် ကြောင့်ပါပဲ။
ဘူတာရုံမှာ အမေက အဖေ့ကို သွားတွေ့မှာကို
သမီးက အာဏာရှိသူတွေကို သတင်းပို့ခဲ့တယ်။ အဲဒီမှာ ဖခင်လည်း ပြန်အဖမ်း
ခံရပြီး မိခင်လည်း ရုန်းရင်း ဆန်ခတ် ရုန်းကန်မှုတွေကြားကနေ လဲကျကာ
နဖူးကွဲသွားပါတယ်။ နောက် ယောက်ျားကို စွဲလမ်းတဲ့ စိတ်နဲ့
အပြင်းဖျားပြီးတဲ့နောက် အနှစ် ၂ဝ ကြာလို့ ပါမောက္ခလျှို
ပြန်လွတ်လာတဲ့အချိန်မှာ မမှတ်မိ တော့ဘူး။
သမီးကိုလည်း တခြားမှာနေခိုင်းပြီး
သူ့တစ်ကိုယ်တည်း အခန်းလေးထဲမှာ အချိန်ကာလတွေ ကုန်လွန်ခဲ့ပါတယ်။ သမီး ကလေးက
လည်း သူမှားခဲ့တဲ့အတွက် ဖခင်ကို တောင်းပန်ပြီး သူ့အမေ သူ့အဖေကို
မှတ်မိအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားသလို ပါမောက္ခ လျှို ကလည်း သူ့ဇနီး
သူ့ကို ပြန်မှတ်မိအောင် နည်း အမျိုးမျိုးတွေ ကြိုးစားပေမယ့် အချည်းနှီးသာ
ဖြစ်ကြရပါ တယ်။
ဆရာမယွီဟာ သူမ အလွန်ချစ်တဲ့ သူ့ယောက်ျား
ပါမောက္ခလျှို တစ်ယောက်လုံး အနားမှာ ရှိတာကို မသိရှာဘဲ ပြက္ခဒိန်က ၅
ရက်နေ့ရောက်တိုင်း ထောင်သားတွေ လာမယ့် ဘူတာရုံမှာ သူ့ယောက်ျားကို
သွားစောင့်မြဲပါပဲ။ ပါမောက္ခလျှိုကလည်း လျှိုဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ပြီး
သူ့ဇနီး ယွီရဲ့ ဘေးမှာ ရပ်ပေးနေရမြဲပါပဲ။ သူမရဲ့ စိတ်ထဲမှာတော့ ဘေးမှာ
ရပ်နေတဲ့ လူဟာ သူမကို ကူညီနေ တဲ့ မိတ်ဆွေအဖြစ်နဲ့သာ သိထားပါတယ်။ ဒီလိုနဲ့
အသက်အရွယ်တွေ ကြီးသထက်ကြီး၊ ပါးရေ နားရေတွေ တွန့်လာတဲ့အထိ ၅ ရက်နေ့ရောက်
တိုင်း ဆိုင်းဘုတ်ကိုင်ပြီး နှစ် ယောက်သား စောင့်နေကြရဆဲ။
|