မူရင်း - pablostanley.com
Tuesday, September 30, 2014
မြန်မာဘုရင်မင်းဆက်များ
ပထမတကောင်းမင်းဆက်၊ ဒုတိယတကောင်းမင်းဆက်၊ သရေခေတ္တရာပထမမင်းဆက်၊ သရေခေတ္တရာဒုတိယမင်းဆက်၊ ပုဂံမင်းဆက်၊ ပင်းယမင်းဆက်၊ စစ်ကိုင်းမင်းဆက်၊ မဂဒူး မင်းဆက်၊အင်းဝမင်းဆက်၊ တောင်ငူမင်းဆက်၊ မွန်မင်းဆက်၊ ရခိုင်မင်းဆက်၊ ညောင်ရမ်းမင်းဆက်၊ ကုန်းဘောင် မင်းဆက်
ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း
နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင်မင်းသားတစ်ပါး ဖြစ်သည်။
ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍
ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ်
တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော
မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့)
အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ
အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်)
က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့
ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓည၀တီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း
နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့
ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်ရှိ တကောင်းတောင်ဘက် မလည်အရပ်တွင် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။
မင်းဆက်(၃၃)ဆက်
1. အဘိရာဇာ
2. (သား) ကံရာဇာငယ်
3. (သား) ဇမ္ဗူဒီပရာဇာ
4. (သား) သင်္ဃသရာဇာ
5. (သား) ၀ိပ္ပန္နရာဇာ
6. (သား) ဒေ၀တရာဇာ
7. (သား) မုနိကရာဇာ
8. (ဘထွေး) နာဂရာဇာ
9. (ညီ) ဣန္ဒရာဇာ
10. (သား) သမုတိရာဇာ
11. (သား) ဒေ၀ရာဇာ
12. (သား) မဟိန္ဒရာဇာ
13. (သား) ၀ိမလရာဇာ
14. (သား) သီဟနုရာဇာ
15. (သား) မင်္ဂလရာဇာ
16. (သား) ကံသရာဇာ
17. (သား) ကလိင်္ဂရာဇာ
18. (သား) သင်းတွဲရာဇာ
19. (သား) သီဟဠရာဇာ
20. (ညီ) ဟံသရာဇာ
21. (သား) ဝရရာဇာ
22. (သား) အလောင်းရာဇာ
23. (သား) ကောလကရာဇာ
24. (သား) သူရိယရာဇာ
25. (သား) သင်ကြီးရာဇာ
26. (သား) တိုင်းချစ်ရာဇာ
27. (သား) မဓုရာဇာ
28. (သား) မင်းလှကြီးရာဇာ
29. (သား) သံသုသီဟရာဇာ
30. (သား) ဓနင်္ဂရာဇာ
31. (သား) ဟိန္ဒရာဇာ
32. (သား) မောရိယရာဇာ
33. (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။ *(စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက် လေသည်။
အဘိရာဇာကို ဘိုးဘွားအရိပ်အရာ ဆက်မနေနိုင်အောင် နှင်ထုတ်ခံရသကဲ့သို့ ဓဇရာဇာဟူသော
သာကီဝင်မင်းတစ်ပါးသည် သာကီဝင်ဆက် မင်းသမီး (? မိဖုရား) တစ်ပါး
ခိုကိုးနေသော မလည်အရပ်သို့ ရောက်လာပြန်သည်။ ထိုမင်းသားနှင့် မင်းသမီး
ပေါင်းဖက်ကာ မင်းဆက်အသစ်ကို တကောင်းမှာထူထောင်သည်။ ထိုနေရာက
(၁၇)မြောက်မင်းက သတိုးမဟာရာဇာမင်းဟု ဘွဲ့အမည်ရှိသည်။ နန်းဆက်ခံမည့် သားတော်မရှိ၍ ယောက်ဖတော် ခေပဒုတ
ကို အိမ်ရှေ့မင်း အပ်နှင်း၏။ ခရစ်မပေါ်မီ အနှစ် ၅၀၄-တွင် ခေပဒုတသည်
ရန်သူနှိမ်နင်းရန် တပ်နှင့် ထွက်ခဲ့ပြီး ရန်အားလုံးကို နှိမ်နင်းပြီးသောအခါ
မူလနေခဲ့သော မြို့နှင့် သိပ်ကွာဝေးနေသဖြင့် မပြန်ဘဲ (နောင်အခါ) ဂြီက္ဗေတြ (သရေခေတ္တရာ) ဖြစ်မည့်နေရာတွင် ရသေ့လုပ်နေသည်။ ဤတွင် ဒုတိယတကောင်း မင်းဆက် ပြီးလေသည်။
မင်းဆက်(၁၇)ဆက်
1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း
2.သတိုးတိုင်းသ ရာဇာမင်း
3.သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7.သတိုးဂဠုန်ရမင်း
8.သတိုးနဂါးရမင်း
9.သတိုးနဂါးနိုင်မင်း (ရာဇ၀င်လာ - မောင်ပေါက်ကျိုင်း)
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17. သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။
ဧရာဝတီမြစ်၏ အောက်ပိုင်း (အကြေအရပ်)တွင် ရသေ့ဖြစ်နေသော ခေပဒုတမင်း၏ ယောက်ဖ သတိုးမဟာရာဇာမင်းတွင်
မျက်ကန်းမင်းသား ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက
ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က တိတ်တဆိပ်မွေးထား၍
အရွယ်ရောက်လာလေသည်။ ထိုအခါ မင်းကြီးသိပြီး ဖေါင်ပေါ်တင်၍ ဧရာဝတီမြစ် အတွင်း
မျှောလိုက်သည်။ မြစ်မှာ မျှောပါရင်း မျက်စိမြင်သည်။ ဦးကြီးရသေ့နှင့်
တွေ့သည်။ ရသေ့၏ အစီအမံဖြင့် မဟာသမ္ဘာဝ
အမည်ဖြင့် ပျူမိဖုရား နန်းခမ်းနှင့် ထိမ်းမြားကာ ပျူတို့ကို
မင်းလုပ်အုပ်ချုပ်စေသည်။ ခရစ်မပေါ်မီ အနှစ် ၄၄၃ က ဖြစ်သည်။ မြို့တော်မှာ
(ဂြီက္ဗေတြ) အသရေရှိသော မြေအရပ်ဟု အဓိပ္ပါယ်ရ၍ (သရေခေတ္တရာ) ဖြစ်လာသည်။
သရေခေတ္တရာသည် ပျူခေတ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ မဟာသမ္ဘာ၀တွင်
သားတော်တစ်ပါး ဖွားမြင်ရာ ဒွတ္တဘောင်
(တ္ဒဗံ့မင်းကြီး) ဖြစ်လာသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ်
ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တဘောင်မင်း
တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမဘုရား၊ ညီးညီးဘုရား၊ စီးစီးဘုရား၊ ဘောဘောဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။
သို့သော် ဒွတ္တဘောင်မင်းသည် သာသနာမြေ (ဘုန်းကြီးကျောင်း)မြေအား သိမ်းယူခဲ့သောအမှုကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှုနည်းပါးခဲ့သည်။ မင်းကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန်ရာ၊ ပန်ထွာမင်းသမီး(? တောင်တွင်းကြီး)နှင့်တွေ့ပြီး ပန်ထွာဘုရင်မ၏ ဧည့်ခံပြုစုခြင်း၌ နစ်မွန်း၍ မဆင်မခြင်သွား လာရာကာ မုန်တိုင်းတစ်ခုနှင့် ဆုံသဖြင့် ရေနစ်ပျောက်ဆုံး သွားရသည်။ ထိုမင်းသည် မြန်မာ့သမိုင်း၌ ပင်လယ်တွင် နစ်မွန်းပျက်စီးရသည့် တစ်ပါးတည်းသော မင်းဖြစ်သည်။ ကွယ်လွန်ချိန်ကား ခရစ်မပေါ်မီ ၃၇၃ တွင်ဖြစ်သည်။

Monday, September 29, 2014
အကယ်ဒမီ စစ်ဗိုလ်ကြီး - အောင်မြင်သူ
မူရင်း - Tomorrow ဂျာနယ်
၁၉၆၉ ခုနှစ်တွင် ကျွန်တော်တို့ မှော်ဘီဗိုလ်သင်တန်းကျောင်း စဖွင့်တဲ့ရက်မှာ ဘယ်ညာ မညီမညာနဲ့ စစ်ရေးပြကွင်းကို ချီတက်ရတယ်။ ရောက်တာနဲ့ စစ်ရေးပြ သင်ကြားမယ့် နည်းပြတပ်ကြပ် အောင်ကြင်ကို ကျောင်းသား တပ်စုမှူးက တပ်စုကို အပ်လိုက်ပါတယ်။ စစ်ရေးပြမသင်မီ တပ်ကြပ် အောင်ကြင် ပထမဆုံး သြ၀ါဒစကား ပြောပါတယ်။
“ဗိုလ်လောင်းတို့ ဗိုလ်လောင်းတို့ဟာ တပ်မတော်ထဲ မရောက်ခင် သူဌေးသားဖြစ်ရင် ဖြစ်မယ်။ အရာရှိကြီးတွေရဲ့ သားသမီးတွေ ဖြစ်ရင် ဖြစ်မယ်။ ဘီအေ၊ အိုင်အေဘွဲ့တွေ ရလာတဲ့သူတွေ ဖြစ်ရင် ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သင်တန်းက အောင်မြင်စွာ မဆင်းမီတော့ ရဲဘော်တွေပဲ ဖြစ်တယ်။ ဆရာ့အမိန့်ကို နာခံပါ။ ဆရာခိုင်းတာကို လုပ်ပါ။ ရဲဘော်တို့ကို ဒီကျောင်းက အမိန့်နာခံတတ်မှု၊ စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေးဆိုတဲ့ စွမ်းရည်သုံးရပ် ထက်မြက်အောင် လေ့ကျင့်မှာ ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့မှာ ပါလာတဲ့ ဂုဏ်တွေ ဒြပ်တွေ ဘီအေဘွဲ့တွေကို သင်တန်းမှာ အသုံးချဖို့ မစဉ်းစားပါနဲ့။ အခုပဲ ပြေးပြီးတော့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ဆိုတဲ့ ဆိုင်းဘုတ်မှာ သွားချိတ်ပြီး ပြန်လာခဲ့ပါ။
ကျွန်တော်တို့တပ်စု ဆရာ ခိုင်းတဲ့အတိုင်း မိုင်ဝက်လောက်ရှိတဲ့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ မှော်ဘီဆိုတဲ့ ဆိုင်းဘုတ်ကို အရောက်ပြေးခဲ့ပါတယ်။ အမိန့်အမျိုးမျိုး နာခံပြီး စစ်ပညာ သင်ခဲ့ရပါတယ်။ ဗိုလ်သင်တန်း ဆင်းတဲ့အချိန်မှာ တပ်မ(၇၇) လက်အောက်ခံ တပ်ရင်းကို ၁၁ ယောက် ရောက်တယ်။ ကျောင်းဆင်းအရာရှိ အချင်းချင်း မင်းတို့ ၁၁ယောက်ကတော့ ကျောင်း ဆင်းတာနဲ့ “သေမိန့်” ချခံရတဲ့ ကောင်တွေပဲလို့ ပြောကြတယ်။ ကျွန်တော်တို့က ဗိုလ်သင်တန်း ရှေ့မှာရှိတဲ့ (၇၇)ကို အပြေးအလွှား သွားပြီး ဂုဏ်ယူစွာဖြင့်နဲ့ လက်မောင်းမှာ (၇၇)ကိုဆိုတဲ့ တံဆိပ်ကို အရင်ဆုံး တပ်လိုက်ပါတယ်။ သေမယ့်နှစ်မှာ စစ်ထဲလိုက်မိတယ် ဆိုရလောက်အောင် အဲဒီအချိန်က တပ်မ(၇၇)တပ်တွေဟာ ဗကပ အမည်ခံ ကျူးကျော်လာတဲ့သူတွေကို ရှမ်းမြောက်နယ်စပ်မှာ တိုက်ခိုက်နေရချိန် ဖြစ်တယ်။
ကျွန်တော်တို့ ဗိုလ်သင်တန်း တက်ချိန်မှာ ပင်ပန်းဆင်းရဲစွာ အမိန့်နာခံပြီး လေ့ကျင့်ခဲ့ရတယ်။ ကျောင်းဆင်းချိန်မှာလည်း တိုက်ပွဲတွေ ပြင်းထန်တဲ့ စစ်မြေပြင်ကို ရောက်တာ ဂုဏ်ယူခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ စစ်တက္ကသိုလ်ကိုတောင် အပြင်မှာ နေထိုင်ပြီး တက်ခဲ့တဲ့ အကြီးအကဲ သားတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ကျောင်းဆင်းခါနီးမှာ ဂိတ်ကြေးများများရတဲ့ နယ်စပ်တပ်တွေ၊ နိုင်ငံခြားပညာ သင်သွားဖို့နဲ့ သက်သက်သာသာ နေရတဲ့ တပ်တွေကိုရောက်အောင် နည်းမျိုးစုံသုံးပြီး ကြိုးစားသူတွေ များတယ်။ တပ်မတော် အကြီးအကဲတွေရဲ့ သားတွေကတော့ နောင်တစ်ချိန်မှာ နိုင်ငံအကြီးအကဲနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်နိုင်အောင် နိုင်ငံခေါင်းဆောင်တွေရဲ့ ကိုယ်ရေးအရာရှိ (သို့) အနီးအနားမှာ ထားကြတယ်။ လူငယ်တွေ အတွေးအခေါ် ကောင်းလာကြတယ်။ စစ်မြေပြင်မှာ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေသူတွေထက် အကြီးအကဲနားမှာ နေတဲ့ တပည့်၊ သား မြေးတွေ ကောင်းစားနေတာ သူတို့ မြင်နေရလို့ ဖြစ်ပါတယ်။

Saturday, September 27, 2014
အတိတ်က သမိုင်းဆိုတာ ၊ ပစ္စုပ္ပန် ရဲ့ လမ်းပြ သင်္ခန်းစာဖြစ်တယ်
(ဖေ့စ်ဘွတ်မှာ တွေ့လို့ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။ မူရင်းရေးသားသူ မည်သူမှန်း မသိရသေးပါ။ မူရင်း ရေးသားသူ ရှိပါက Blog တွင်ဖော်ပြထားသည့် မေးလ်လိပ်စာသို့ ဆက်သွယ် အသိပေးနိုင်ပါတယ်။ ကျွန်တော်တို့ Cradit ပေးပါမည်။ စာသားများ ကောင်းမွန်သောကြောင့် သုံးစွဲခြင်း ဖြစ်ပါသည်။ မူရင်း ရေးသားသူ မဖော်ပြနိုင်သေးသည့် အတွက် တောင်းပန် အပ်ပါသည် ခင်ဗျာ။)
မြင်ကွန်း နဲ့ မြင်းခုံတိုင် မင်းသား နှစ်ဦး အာဏာရူးခဲ့လို့ ကနောင်မင်းသားလို ခေါင်းဆောင်ကောင်း တစ်ယောက် ဆုံးရှုံးခဲ့ရတယ်။ ကနောင်သာရှိခဲ့မယ်ဆိုယင် ဒီနေ့ငါတို့မြန်မာပြည်ဟာ ဒီအခြေအနေ ဟုတ်ချင်မှ ဟုတ်မယ်။ ကနောင်ကို ရာဇပလ္လင်က ဖယ်လိုက်တာဟာ ဗမာတမျိုးသားလုံး ဆင်းရဲတွင်း နက်သွားစေခဲ့တာဘဲ။
ခေါင်းဆောင်ကောင်း ဆိုတာ (ပေပင် ၊ ၀ါးပင်) လိုဘဲ။ အနှစ်၅၀ရှိမှ တစ်ခါဘဲ သီးတာ။
ခေါင်းဆောင်ကောင်းတစ်ယောက် ရှိခဲ့မယ်ဆိုယင် ပမထုတ်ပါနဲ့။ လွင့်မသွားပါစေနဲ့။
သီပေါမင်းလို သူများကျိုးဆွဲရာကတဲ့ ရုပ်သေးရုပ်၊ အရည်အချင်းမရှိသူ၊ ကိုယ့်မိဖုရား စုဖုရားလတ်ကိုတောင် ကိုယ်မနိုင်တဲ့သူကို နန်းတင်လိုက်တော့ ကျုပ်တို့အားလုံး ကျွန်သဘောက်ဖြစ်ခဲ့ရတယ်။ သူတို့အကျယ်ချုပ်နဲ့ပြည်နှင်ဒဏ် ခံရတာက သုံးထပ်တိုက်ကြီးပေါ်မှာနေပြီး
ဗြိတိသျှအစိုးရကပေးတဲ့ ထောက်ပံ့ကြေးကို အမိန့်သားစားနေကြတာ၊ ကျုပ်တို့အဘိုး တွေက၊ ကုလားဖြူရှေ့မှာ ဒူးတုတ်ပြီး လက်အုပ်ချီခဲ့ရတယ်။ ကျုပ်တို့အဖွားတွေက ချစ်တီး ယားဖြစ်သွားကြတယ်။ ကျွန်းသစ်၊ရေနံ၊ ပတ္တမြားအားလုံးကိုယူသွားကြတယ်။ ဒါဟာ သင်္ခန်းစာဘဲ။

ကနောင်မင်းအား သဂြိုလ်ပုံ ...
မြင်ကွန်းမြင်းခုံတိုင်အရေးတွင် ကနောင်မင်း လုပ်ကြံခံရပြီး
မင်းတုန်းမင်းမှာ လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းနှင့်အတူ
မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ အသက်ဆုံးပါးခဲ့ရသည်။
အိမ်ရှေ့ဘုရားနှင့် မင်းသားများ လုပ်ကြံခံရသည့်ရက်မှာ
မြန်မာသက္ကရာဇ် ၁၂၂၈ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော်(၇)ရက်နေ့
ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင်ဖြစ်သည်။ သဂြိုလ်သည်မှာ မြန်မာသက္ကရာဇ် ၁၂၂၉ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင်ဖြစ်ရာ (၁၁)လကြာမှ သဂြိုလ်ခြင်းဖြစ်သည်။

Wednesday, September 24, 2014
သူတို့ ဟောင်းလောင်း၊ ကိုယ် ဟောင်းလောင်း ဓမ္မစေတီရွှေခေါင်းလောင်း
စစ်တန်းလျားပြန်မယ်ဆိုတဲ့ တပ်မတော်သားကြီးများက ပုဆိုးလဲ ၀တ်ပြီး
လွှတ်တော် ထဲ ရောက်နေတာ၊ ညောင်နှစ်ပင်လိမ်စခန်းက ၁၅ နှစ်ကြာအောင်
မုသားတလှေကြီး နဲ့ တီထွင်ပြဌာန်းရတဲ့ အခြေခံဥပဒေကြီးကို နာဂစ်မှာ
ကွယ်လွန်သွားတဲ့ ၀ိညာဉ်များ နဲ့ ၂၀၁၄ မှာ ၀န်ကြီး ဦးခင်ရီ ဂုဏ်ယူလှစွာသော
မဟာသန်းခေါင် စာရင်းထဲမပါတဲ့ ပြည်သူများ ရဲ့ ထောက်ခံ ချက်နဲ့ ၉၈
ရာခိုင်နှုန်းကျော် ထောက်ခံပြီး အတည်ပြုခဲ့တာ ...... .... စသည်စသည် မုသာဝါဒါ
များနဲ့ ယှဉ်လိုက်တော့ ဦးစံလင်းရဲ့ မုသားဆိုတာက ပါးပါးလေး
မဟုတ်ပါလားဗျာ။
ဆောင်းပါးရှင် - ရီနေနိုင်
ဆောင်းပါးရှင် - ရီနေနိုင်
ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေခြင်း ခရီး ပြန်လည်ဆန်းသစ်
တပတ်ပြန်ကျော့လာပြန်တဲ့ အခုလပိုင်း ရက်ပိုင်းမှာ အရင်နဲ့ မတူဘဲ
မီဒီယာပွင့်လင်းမှု အားကောင်းတဲ့ ကာလမို့ လူတွေရဲ့ အာရုံစိုက်မှုကို အရင်အ
ခေါက် တွေကထက် ပိုပြီး ဆထက်တန်ပိုး ရပုံပေါ်ပါတယ်။ သြဂုတ်လ ၉ ရက်နေ့က
ပြန်စခဲ့တဲ့ ဦးစံလင်းခေါင်းဆောင်တဲ့ ဒီခေါင်း လောင်းကြီးရှာဖွေမှုဟာ
သြဂုတ်လ ၂၆ ရက် နေ့ကျတော့ ခေါင်းလောင်းကြီး တွေ့ပါပြီလို့
သတင်းထုတ်ပြန်လိုက်တဲ့ အခါ အုတ်အော် သောင်းတင်းဖြစ် သွားတော့တာပါပဲ။
ရန်ကုန် လူထုရဲ့ ခေတ်မီချင်တဲ့ သဘာဝ အတိုင်း မနက်ဖြန်သဘက်ပဲ ရွှေတိဂုံပေါ်
ပြန်ရောက်မယ့် ရောက်မယ့် ခေါင်းလောင်းကြီးကို သူများထက်ဦးအောင်
သွားကြည့်ရတော့မလိုလိုဖြစ်ပြီး နောက်ဆုံးတော့ သမ္မာန်ဆရာတွေပဲ အလုပ်ဖြစ်
သွားတယ်လေ။ (နဂါးမင်း စောင့်ရှောက်တဲ့ သမ္မာန်သမားများသမဂ္ဂကနေ ဦးစံလင်း
ပါးစပ်က ဒီလို မုသာဝါဒထွက်အောင် ပြုစားရက်လေသလားတော့
မဆိုနိုင်ဘူးပေါ့ခင်ဗျာ)။
ဒီသတင်းကြားတော့ သတင်းစိတ်ဝင်စားတဲ့လူသား အများထဲကတစ်ယောက် ကျွန်တော့်မှာ လည်း ဟုတ်နိုးနိုး ထင်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူများတွေထက်သာတာ တစ်ခုက ကျွန်တော်က လွန်ခဲ့တဲ့ ဆယ်နှစ်ဆယ့်ငါးနှစ်အတွင်းမှာကို ခေါင်းလောင်းကြီးကို ရှာကြ သူတိုင်း မြင်ခဲ့သလိုလို၊ စမ်းမိသလိုလို၊ မှန်းမိသလိုလို ပြောခဲ့တာတွေက အတော်များနေပြီ ဆိုတာကို မမေ့သေးတဲ့အတွက် ဒီလောက် “မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန်၊ ကြံကြံ ဖန်ဖန်” ကြီး အတွေ့မြန်တာကို သူတကာလောက်တော့ မယုံနိုင်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် သြဂုတ်လ ၂၆ ရက်နေ့မှာ ခေါင်းလောင်းကြီးတွေ့ပါပြီဆိုပြီး အသေးစိတ် သတင်း အတိအကျ မထုတ်ပြန် ပဲ ရွှေရောင်နဂါးမင်း ပူဇော်လို့ပဲ စောင့်နေရသလိုလို ဘာလိုလို သတင်းတွေ အတည်ပေါက်ကြီးပြောလာတော့ ပိုစိတ်ပျက်သွားပါ တယ်။
ဒါပေမဲ့ ကျွန်တော် ဒီခေါင်းလောင်းကြီးအကြောင်း စာတစ်ပုဒ်မှမရေးပဲ လက်ရှောင်နေ ခဲ့ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒါက အများအတွက် နိုင်ငံအတွက် သာသနာအတွက် ဆိုပြီး ဘယ်သူခိုင်းလို့မှမဟုတ်၊ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပြဋ္ဌာန်း၊ ငွေကုန်လူပန်းခံလုပ်နေသူမို့ အချိန်ပေးစောင့်ကြည့်ဖို့ လိုတယ် ထင်လို့ပါပဲ။ (ကျွန်တော်တို့နိုင်ငံမှာက အဲဒီလိုလူတွေထဲမှာလည်း လူလိမ်တွေက မနည်းလှတာကြုံနေကျမို့ ပုံပြီးတော့ မယုံနိုင်ဘူးပေါ့ဗျာ)။

သခင်သန်းထွန်း၏ သံဃာတော်များကို လျှောက်ထားချက်
“ခြေတော်ဦးခိုက်လျှောက်ထားပါသည်၊ တပည့်တော်ကိုယ်တိုင် အလုပ်များနှင့်
မအားမလပ်ဖြစ်နေပါသဖြင့် စာဖြင့်ရေးသားလျှောက်ထားပါသည်၊ ခွင့်လွှတ်နိုင်မည်ဟု
ယုံကြည်ပါသည်ဘုရား”
ရန်ကုန်နေပြည်တော်တွင် ဂျပန်များထွက်သွားပြီးနောက် နိုင်ငံရေးလုပ်ငန်းများ
လုပ်ဆောင်ရာတွင် သံဃာတော်အရှင်သူမြတ်များပါဝင်သည်ကို မတွေ့ ကြရသဖြင့်
အထက်ဗမာပြည်ရှိ သံဃာတော်များ၏စိတ်ထဲတွင် မရှင်မလင်းဖြစ်နေသည်ဟု
သိရှိရပါသည်။
အမှန်အားဖြင့်လျှောက်ထားရလျှင် ရန်ကုန်မြို့ ကို မဟာမိတ်တပ်များ သိမ်းပြီးသည့်
နောက် တပည့်တော်တို့  ရောက်သည့်အခါကစ၍ သံဃာတော်များအား နိုင်ငံရေး
အခြေအနေ လျှောက်ထားခြင်း၊ ကုန်သည်အသင်း၊ ကျောင်းဆရာအသင်း စသော
အဖွဲ့ အသင်းများကို လှုံ့ ဆော်ပေးခြင်းတို့  ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ ဆောင်ရွက်ကြ
သဖြင့်လည်း နိုင်ငံရေးအသက်ပြန်ဝင်လာသည်ဟု လျှောက်ထားရပါမည်။
ရန်ကုန်မြို့ တော်တွင် ဂိုဏ်းပေါင်းစုံမဟာသံဃာ့အဖွဲ့ ချုပ်၊ ပြည်သူ့ လွတ်လပ်ရေး
သံဃာအဖွဲ့ ချုပ်ဟူ၍ ရှိပါသည်။ ဂိုဏ်းပေါင်းစုံမဟာသံဃာ့အဖွဲ့ ချုပ်မှာ လွန်ခဲ့သော
ခေတ်အခါက ဖွဲ့ စည်းထားသော သံဃာ့အဖွဲ့ အစည်းဖြစ်ပါသည်။ တပည့်တော်
သိရသလောက် စည်းမျဉ်းမှာ အလွန်ကျနပြီး စည်းစည်းလုံးလုံးရှိသည်ဟု
သိရပါသည်။
ပြည်သူ့ လွတ်လပ်ရေးသံဃာအဖွဲ့ ချုပ်မှာ ဂျပန်လက်ထက်က တိတ်တိတ်ပုန်း
ဖွဲ့ စည်းသောအဖွဲ့ ချုပ်ဖြစ်ပါသည်။ ဂျပန်တော်လှန်ရေးကို လျှို့ ဝှက်စွာ ကူညီ
ဆောင်ရွက်ခဲ့သောအဖွဲ့ ဖြစ်ပါသည်။
ဂျပန်ခေတ်က အလုပ်သဘောချင်းမတူသောအဖွဲ့ ၊ ၄င်းအပြင် ဗြောင်ဖွဲ့ ထားသော
အဖွဲ့ ၊ တိတ်တိတ်ပုန်းဖွဲ့ သောအဖွဲ့ ဟူ၍ သီးခြားခြားနားနေသောအဖွဲ့ ဖြစ်ပါသည်။
နိုင်ငံရေးအတိအလင်းလုပ်လာနိုင်သောအခါ ဤနှစ်ဖွဲ့ ကို တဖွဲ့ တည်းဖြစ်အောင်
တပည့်တော်တို့ က ကြိုးစားခဲ့ပါသည်။ အောင်မြင်သင့်သလောက် မအောင်မြင်သေးပါ။
တပည့်တော်၏သဘောမှာ..
(က) သံဃာတော်အရှင်သူမြတ်များသည် တစည်းတလုံးတည်းရှိသင့်ပါသည်။
(ခ) သံဃာတော်များအဖွဲ့ ချုပ်အနေဖြင့် တဖွဲ့ ကိုပယ်၍ ကျန်တဖွဲ့ ကို အားပေးခြင်း
မပြုသင့်။
(ဂ) သံဃာတော်များအဖွဲ့ ချုပ်အနေဖြင့် သာသနာကိစ္စများ၊ သာသနာသန့် ရှင်းရေး
ကိစ္စများကို အထူးကြိုးစားသင့်ပါသည်။
(ဃ) တိုင်းပြည်လွတ်လပ်ရေး၊ ပြန်လည်ထူထောင်ရေး စသော အများနှင့်ဆိုင်သည့်
ကိစ္စမျိုးတွင် တပည့်တပန်းများအား သင့်လျော်သောသြ၀ါဒများ ပေးသင့်သည်ဟု
ယူဆပါသည်ဘုရား။
နိုင်ငံရေးလုပ်ငန်းမှာ ရှေးအခါက အရှင်ဘုရားများ သိတော်မူသည့်အတိုင်း
မသန့် ရှင်းသောလုပ်ငန်းဖြစ်သည့်အတိုင်း တဂိုဏ်းအဖွဲ့ အနေဖြင့်ကား အားပေးရန်
မသင့်ပါ။ သို့ ရာတွင် ယခုအခါ နိုင်ငံရေးမှာ လတ်လတ်ဆတ်ဆတ်ရှိပြီး အတော်ပင်
သန့် ရှင်းနေပါသည်။ တတိုင်းတပြည်လုံး ညီညွတ်လိုသောဆန္ဒ၊ ပြာကျနေသော
တိုင်းပြည်ကို ပြန်လည်ထူထောင်လိုသောဆန္ဒဖြင့် လွှမ်းမိုးလျက်ရှိပါသည်။ ဤကဲ့သို့ 
သန့် ရှင်းသောလုပ်ငန်းမျိုးကိုကား ဆရာတော်များ အားပေးရန် အထူးသင့်ပါသည်
ဘုရား။

ဘယ်သူလဲ ဗိုလ်တိုက်ဂါး - စည်သူအောင်မြင့်
KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါး (ခ) စောအယ်လ်ကော်ထူး(ဓါတ်ပုံ – (KNU/KNLA-PC) |
လက်ရှိ မြ၀တီ ပဋိပက္ခဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ရင် ထိုင်းဘက်က လာတဲ့ ကုန်ကားတွေကို ဗိုလ်တိုက်ဂါးနဲ့ အဖွဲ့က ခုလို လက်နက်တွေနဲ့ တားဆီး ပိတ်ပင်ခဲ့တဲ့ အတွက် မြန်မာ အစိုးရနဲ့ မြန်မာ စစ်တပ်အတွက် အတော်လေးကို မျက်နှာပူ အရှက်ရစရာ ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ နယ်စပ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဘာတွေ ဆွေးနွေးဖြစ်ကြတယ်တော့ မသိပါဘူး။ ဗိုလ်တိုက်ဂါးကတော့ ထိုင်းဘက်ကနေ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတာတွေ ရပ်ရင်ရပ်၊ မရပ်ရင် ခုလိုပဲ ထိုင်းဘက်ကလာတဲ့ ကုန်ကားတွေကို တားဆီး ပိတ်ဆို့ဦးမှာပဲ ဆိုပြီး မီဒီယာတွေကို ထပ်ပြီး ပြောဆိုပါတယ်။
ခေါင်းအုံးနှင့် ဖျာအရင်းပြု ကြွယ်ဝမှုသရဖူဆောင်းသူများ
၁၉၄၀
ပြည့်နှစ်တွင် ဘန်ကောက်မြို့ တရုတ်တန်း၌ တရုတ်ပြည်ဖွား ညီအစ်ကိုသုံးဦးသည်
မျိုးစေ့အရောင်းဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ကြ၏။ သူတို့သည်
ဖခင်ဖြစ်သူနှင့်အတူ ၁၉၂၀ ပြည့်နှစ်တွင် ပြည်မကြီးမှ ထိုင်းနိုင်ငံ (ထိုစဉ်က
ဆီရမ်နိုင်ငံ)အတွင်း ဝင်ရောက်ခဲ့ကြခြင်းဖြစ်၏။ ထိုင်းနိုင်ငံသည် ဆီရမ်
(Sriam)ဟူသော အမည်မှ ၁၉၃၉ ခုနှစ်တွင် ထိုင်းဟု ပြောင်းလဲခေါ်ခဲ့ခြင်းဖြစ်၏။
အဆိုပါညီနောင်သုံးဦးသည် ထိုင်းစာသင်ကျောင်းများ၌ ပညာသင်ကြားခဲ့ပြီး
ထိုင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ကြ၏။ မြန်မာနိုင်ငံ
ပုဂံခေတ်မှ ရှမ်းညီနောင်သုံးဦးထက် အဆိုပါတရုတ်ညီနောင်သုံးဦးက
ပိုပြီးအစွမ်းထက်ပုံကို အကျဉ်းချုပ်ဖော်ပြလိုက်ပါ၏။
(က) ၁၉၄၀ ပြည့်နှစ်ကာလများတွင် သူတို့သည် တိရစ္ဆာန်အစာနှင့် ဓာတ်မြေဩဇာများကို စတင် တင်သွင်း၏။ ၁၉၅၄ ခုနှစ်တွင် အစာစက်ရုံလုပ်ငန်း တည်ထောင်၏။
(ခ) ၁၉၇၀ ပြည့်နှစ်များအတွင်း သူတို့၏ CP ကုမ္ပဏီ (Chareom Pokphand Co.,ltd)သည် ထိုင်းနိုင်ငံ ကြက်သားနှင့် ကြက်ဥဖြန့်ဖြူးရောင်းချမှုကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့၏။
(ဂ) ၁၉၈၀ ပြည့်နှစ်များတွင် သူတို့သည် ကုမ္ပဏီပေါင်း ၆၀ တိတိ တိုးချဲ့ထူထောင်ပြီး ကြက်၊ ဘဲမွေးမြူရေး၊ ဝက်မွေးမြူရေး၊ အစာစက်ရုံများနှင့် အခြားဆက်စပ်သော လုပ်ငန်းများ လုပ်ကိုင်၏။ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်နှင့် စင်ကာပူတွင် ဌာနခွဲများ ဖွင့်လှစ်ခဲ့၏။
(ဃ) ၁၉၉၀ ပြည့်နှစ်များတွင် အခြားလုပ်ငန်းများ ထပ်မံတိုးချဲ့ခဲ့ပြီး ထိုင်းနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းတစ်ရပ် ထူထောင်ခဲ့၏။ ဂျပန်နိုင်ငံ၏ ဆန်နီကားကုမ္ပဏီ၊ နယ်သာလန်နိုင်ငံ၏ မာကို၊ အမေရိကန်နိုင်ငံ၏ 7-eleven၊ ကေအက်ဖ်စီနှင့် Wall-Mart စသည်တို့နှင့် ဆက်သွယ်ပူးပေါင်းပြီး လက်လီရောင်းချမှုလုပ်ငန်းများ ထူထောင်ခဲ့၏။
(င) ထို့နောက် CP သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးတံခါးဖွင့်သောအခါ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသော နိုင်ငံခြားကုမ္ပဏီဖြစ်ခဲ့၏။

ဗွက်ထနေတဲ့ ဝေလေလေ တစ်ယောက်ရဲ့ ကောက်ကြောင်း
သတင်းစာဆရာကြီး အောင်ဗလ ခေါ် ကြေးမုံဦးသောင်း |
ဆောင်းပါးရှင် - ဆောင်းဝင်းလတ်
စာရေးဆရာ၊ သတင်းစာဆရာကြီး အောင်ဗလ ခေါ် ကြေးမုံဦးသောင်းဟာ အမေရိကန်ပြည်ထောင်စုကို ကျွန်တော်ရောက်မသွားခင်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ သိလိုက်ရပါတယ်။ ဆရာကြီးနဲ့ ဆက်သွယ်ခွင့်၊ တွေ့ဆုံခွင့် မရခဲ့တာ ၀မ်းနည်းစရာ ပါ။ မြန်မာပြည် လွတ်လပ်ရေးမရခင်မှာ ဂျပန်တွေ စစ်ရေး အသာစီးရပြီး မြန်မာနိုင်ငံထဲမှာ ဖက်ဆစ်စနစ်နဲ့ လက်ဝါးကြီးအုပ် ဗိုလ် လုပ်နေကြတုန်းက၊ ဂျပန်ကင်ပေတိုင် စစ်ဘက် ၀ါဒ ဖြန့်ချိရေး ဌာနက “ဂရိတ်တား အေးရှား” လို့ အမည် ရတဲ့ သတင်းစာတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တာပါ။ ဘာလို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေ လဲဆို တော့ မြန်မာပြည်မှာ မြန်မာစာကို တတ်တဲ့ သူတချို့ ရှိ တယ်။ မြန်မာလို ဖတ်တတ်တဲ့သူ တချို့ရှိတယ်။ အဲဒီ့လိုပဲ အင်္ဂလိပ်လို ရေးတတ် ဖတ်တတ် ပြောတတ်တဲ့သူတချို့လည်း ရှိတယ်။ ဂျပန်စာ၊ ဂျပန်စကားကို လူတိုင်း မတတ်ဘူး။ ဒီတော့ ဂျပန်စစ်အရာရှိတွေက သူတို့ရဲ့ “ဂရိတ်တားအေးရှား သတင်းစာ” ကို အင်္ဂလိပ်ဘာသာနဲ့ပဲ ထုတ်ဝေနိုင်ခဲ့ကြတာပါ။
ဒီအချိန်မှာပဲ မြန်မာနိုင်ငံရဲ့ အဓိပတိရာထူး ရထားတဲ့၊ ခေတ်ပညာ တတ် ဒေါက်တာဘမော်ရဲ့ အစိုးရကလည်း သတင်းစာတစ်စောင် ထုတ်ဝေ လိုက်ပါတယ်။ “ဗမာ့ခေတ်”သတင်း စာပါ။ ၁၉၄၅ ခုနှစ်မှာ မြန်မာ တိုင်းရင်းသားတွေက စုပေါင်းပြီး ဖက်ဆစ်ဂျပန်တွေကို မောင်း ထုတ် တော်လှန်ပစ်ခဲ့ကြတယ်။ မတ်လ မှာပါ။ ဒါကြောင့် မတ်လတော်လှန်ရေးဆိုတာ သမိုင်းဝင် ခဲ့တယ်။ စာရေးဆရာကြီး၊ ကဗျာ ဆရာကြီး ဒဂုန်တာရာက မတ်လ တော်လှန်ရေး ကဗျာကို ရေးခဲ့တယ်။ နိုင်ငံတကာမှာ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်တပ်တွေ ကလည်း မဟာမိတ်ဖွဲ့ပြီး နာဇီဂျာမနီတပ်တွေ နဲ့ ဖက်ဆစ်ဂျပန်တပ်တွေကို အပြင်းအထန် တိုက်ကြသလို၊ ရုရှားတပ်တွေ ကလည်း နာဇီတွေကို တိုက်ထုတ်ပစ်ကြတယ်။ နောက် ဆုံးမှာတော့ နာဇီတွေနဲ့ ဖက်ဆစ်တွေ စစ်ရှုံး သွားကြတယ်။ မြန်မာနိုင်ငံထဲမှာ မြန်မာပြည်သူ လူထုကို ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်နေကြတဲ့ ဖက်ဆစ် ဂျပန်စစ်တပ်ဟာလည်း ထွက်ခွာ ထွက်ပြေးသွား ခဲ့ကြရတယ်။
Tuesday, September 23, 2014
နိုင်ငံရေး စာအုပ်စင်
- အောင်ဆန်း-အက်တလီ စာချုပ်
- နု-အက်တလီ စာချုပ်
- ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ /အင်္ဂလိပ်-မြန်မာ
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း /မြန်မာ
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှိုင်းယှဉ်ချက်များ
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်
- ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ အကြောင်း သိကောင်းစရာများ
- ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း ၊ ညီမျှမှု ဆိတ်သုဉ်းခြင်း - မြန်မာနိုင်ငံ ရှေ့နေများကောင်စီ
- NLD ၏ ၁၉၉၀ ပြည့်နှစ် ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်း
- မြန်မာ့နိုင်ငံရေး လမ်းညွှန်မြေပုံ နှင့် ၁၉၉၃ ခုနှစ် အတုအရောင် အမျိုးသားညီလာခံ နှင့်ပတ်သက်သည့် ကောက်နုတ်ချက်များ
- ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ
- ချင်းလဲင်းဖွဲ့စည်းပုံအခြေခံဥပေ
ဒ မူကြမ်း-၄ -Chin Forum - ပြည်သူတို့၏ လွတ်မြောက်ရာလမ်း -NLD(LA) MALAYSIA
- အသွင်ကူးပြောင်းရေးကာလ၊ အမှန်တရားဖော်ထုတ်ရေးနှင် တရားမျှတမှု
- အာဏာရှင်၏ ကမ္ဘာအသစ် / မြန်မာနိုင်ငံနှင့် တမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
- အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့
- ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ
- ရွှေဂုံတိုင် ကြေငြာစာတမ်း
- ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း -ခင်ကျော်ဟန်
- မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲ မှတ်တမ်းများ ၁၉၈၈ -၂၀၀၂ -ABSDF
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာဘာလဲ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ၏ သမိုင်းဝင်မှတ်တမ်းမှတ်ရာများ ၁၉၉၈-၂၀၀၃ -ခင်ကျော်ဟန်
- အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုပြုချက်
- ရပ်ရွာ စည်းရုံးရေးသမားများအတွက် လက်စွဲစာအုပ် -The Burma Fund
- မြို့ပြပြောက်ကျား စစ်ဆင်နည်း - ဂါမဏိ
- လူထုတိုက်ပွဲ လက်စွဲ
နိုင်ငံရေးသမားရဲ့ အိမ်ပြန်ချိန် - ၀င်းကိုမောင်
ပရိယေသန ဝမ်းစာအတွက် အသိုက်က ထွက်သွားတဲ့ ငှက်ဟာ တစ်နေဝင်လို့ အသိုက်ကို ပြန်တဲ့အခါ အသက်နဲ့ခန္ဓာကိုယ် တွဲလျက်ပြန်လာနိုင်မလား။ မျက်လုံးတစ်ဖက် ကျန်ခဲ့မလား။ အတောင် ကျိုးခဲ့မလား။ ခြေထောက်တစ်ချောင်း ကျိုးလာမလား ဆိုတာ ဘယ်သူမှ အတတ်မသိနိုင်သလိုပါပဲ။ မနက် မိုးလင်းလို့ အိမ်က ထွက်လာကြရတဲ့ လူတွေဟာလည်း အသိုက်က ထွက်လာကြရတဲ့ ငှက်တွေလိုပါပဲ။ ဘာမှ မထူး၊ ဘာမှမခြားနားပါဘူး။ အတောင်ဖြန့်ပြီးတော့ ကောင်းကင်က ပျံတာနဲ့ မြေပေါ်က လျှောက်ရတာပဲ ကွာပါတယ်။အလျှိုအလျှို အိမ်က ထွက်လာကြရပြီး အချိန်တန်လို့ အိမ်ကို ပြန်ဝင်တဲ့အခါ ထမင်းဝိုင်းမှာ ဘယ်သူများ လိုနေမလဲ ဆိုတဲ့ ထိတ်လန့် ဖွယ်ရာ အတွေးစတွေနဲ့ နေထိုင်ရတဲ့ လူ့ဘဝကို အခုကစလို့ အဆင်ပြေစေချင်ပါပြီ။ ငြိမ်းချမ်းစေချင်ပါပြီ။ လူ့ လောက လူ့ဘဝဆိုတဲ့ စည်းဝိုင်းကြီးအတွင်း ပျော်ရွှင်စွာ ရောက်လာပြီးမှ ဘယ်လို အစီရင်ခံစာမျိုးကိုမှ ရေးမနေကြတော့ဘဲ မိမိကိုယ်မိမိ ချက်ချင်း နုတ် ထွက်သွားကြတဲ့ ရှယ်လီ၊ ဂျွန်ကိ၊ ဗင်ဂိုး၊ ဒေါက်တာရီဇော်၊ ဖူးချစ်၊ ဂျက်လန်ဒန်၊ မြို့မငြိမ်း၊ ဒူမွန်ဆိုတဲ့ သူတွေဟာ လူနဲ့ နိုင်ငံရေး၊ လူနဲ့ အမှန်တရားဆိုတဲ့ ဆက်စပ်မှုကြားမှာ ဒီလို ထိတ်လန့်ရမှုတွေကို မခံစားနိုင်ကြ တော့လို့ပါ။ သူတို့ဟာ ကိုယ့်ကိုယ်ကို သတ်သေခြင်း နဲ့ ရုန်းထွက်သွားကြပါတယ်။ |
Monday, September 22, 2014
(တော်လှန်ရေးသမား၊ပြောက်ကျားစစ်သား၊ဆရာဝန်(သို့မဟုတ်) ချီဂွေဗားရား)
မာခ့်ဝါဒကိုင်စွဲသူတော်လှန်ရေးသမား၊ဆရာဝန်၊စာရေးဆရာ၊ပညာရေးပါရဂူ၊ပြောက်ကျားစစ်ခေါင်းဆောင်၊သံတမန်ရေးရာ ကျွမ်းကျင်သူ၊စစ်ပညာရှင်၊ စီးပွားရေးပညာရှင်စသည့် ဘွဲ့ထူးဂုဏ်ထူးများစွာရှိသော မုတ်ဆိတ်ကျင်စွယ်ဆံပင်ရှည်နှင့် ခေတ်အဆက်ဆက်လူငယ်များ၏ သူငယ်ကောင်းပြယုဂ်၊တောတွင်းသူပုန်ကြီး “ချီ”ကို ၁၉၂၈ခုနှစ်၊ဇွန်လ၁၄ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ စန်တာဖီမြို့၌ မွေးဖွားသည်။
စပိန်နှင့် အိုင်းရှစ်သွေးများရောနှောနေသည့် အာဂျင်တိုင်းမိသားစုမှ မွေးဖွားလာသည့် “ချီ”သည် မွေးချင်း ၅ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ချီ၏ဖခင်က သူ၏သားသည် အိုင်းရှစ်တော်လှန်ရေးသူပုန် ဘိုးဘေးများ၏ သွေးများ ရောနှောလျက်ရှိသည်ဟု ခဏခဏပြောခဲ့သည်။ ငယ်စဉ်ကပင် ရင်ကျပ်ပန်းနာ ရောဂါကို အကြိမ်ကြိမ်ခံစားခဲ့ရသော်လည်း “ချီ”မှာ ရေကူး၊ဘောလုံး၊ဂေါက်သီးရိုက်နှင့် သေနတ်ပစ် အားကစားတို့တွင် ထူးချွန်သည်။ စက်ဘီးစီးခြင်းကို အထူးဝါသနာထုံသူဖြစ်သည်။
ငယ်စဉ်ကတည်းက ဆင်းရဲခဲ့သူ “ချီ”မှာ အရင်းရှင်ဝါဒ၊ခေတ်သစ်ကိုလိုနီဝါဒ၊ စီးပွားရေး လက်ဝါးကြီးအုပ်ဝါဒတို့ကို အလွန်စက်ဆုပ်ရွံ့ရှာသူဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် ချီဂွေဗားရားသည် ဗျူနိုအိုင်ရီတက္ကသိုလ်တွင် ဆေးကျောင်းတက်သည်။ ဆေးကျောင်းသားဘ၀ ၁၉၅၀တွင် စက်ဘီးတစ်စီးဖြင့် အာဂျင်တီးနားမြောက်ပိုင်းကို မိုင်၂၈၀၀ခန့် တစ်ကိုယ်တော်ခရီးဆန့်ခဲ့သည်။ ၁၉၅၁ခုနှစ်တွင် တောင်အမေရိကတိုက်အနှံ့ မိုင်ပေါင်း၅၀၀၀ကျော်ကို မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ၉ လကြာ ခရီးထွက်ခဲ့သေးသည်။
Saturday, September 20, 2014
သမိုင်းထဲက မန္တလေး..မန္တလေးထဲက သမိုင်း. ၂. မြသန်းတင့်
မြသန်းတင့်
မင်းတုန်းမင်းသည်နောင်တော်နှင့်ဂရိတ်
ဗြိတိန်တို့ တိုက်ကြသည့် ဘေးဒုက္ခများလှသော စစ်ပွဲကြောင့်
တိုင်းပြည်ဖရိုဖရဲ ဖြစ်နေချိန်တွင် နန်းတက်လာခဲ့သည်။ မြန်မာဧကရာဇ်
နိုင်ငံတော်ဟောင်း၏အ ကြွယ်ဝဆုံးသော ပြည်နယ်ကို နိုင်လိုမင်းထက် လုပ်တတ်ပြီးပရိယာယ်များသော ဒါလဟိုဇီက ယူငင်သွားခဲ့ပြီးပြီ။သူ့နန်းတော်သည်လည်း
စိတ်ရောဂါစွဲကပ်သော ခမည်းတော် သာယာဝတီမင်း၏ ကြောက်မက်ဖွယ် ရက်စက်ရိုင်းပျမှုများကြောင့် ဂုဏ်သရေညှိုးနွမ်းခဲ့လေပြီ။ သို့ ဖြင့် သူ၏
အနာဂတ်သည်အိမ်နီးချင်းဖြစ် သည့် ဗြိတိသျှ (အောက်မြန်မာပြည်အစိုးရ) အပေါ်တွင်သာတည်နေသည်။ ဗြိတိသျှတို့ကလည်း သူ့ကို နန်းမှ ချလိုလျှင်
လက်ဖြင့်အသာဆွဲချလိုက်ရုံသာ ရှိတော့သည်။ သို့ရာတွင် မင်းတုန်းမင်းသည် ဗြိတိသျှတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့သည်။
သမိုင်းတကွေ့မှ သခင်သန်းထွန်း
သခင်သန်းထွန်းသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ထင်ရှားခဲ့သည့် နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်ခဲ့ပေသည်။
အထူးသဖြင့် လွန်ခဲ့သော ၅၃ နှစ် အတွင်း သခင်သန်းထွန်းသည် “ဗမာပြည် ကွန်မြူနစ် ပါတီ”၏ ခေါင်းဆောင်ကြီး တဦး အဖြစ် ထင်ပေါ်ကျော်ကြား ခဲ့လေသည်။ သခင်သန်းထွန်း၏ နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင် သာမက ကမ္ဘာ့ ကွန်မြူနစ် လောကတွင်လည်း ကြားသိဖူးကြသည်။
၁၉၅၂ ခုနှစ် ပခုက္ကူခရိုင် ပုံတောင်ပုံညာ ဒေသတွင် သုံးပါတီ ညီညွတ်ရေး ပြုလုပ်ခဲ့စဉ်က တွေ့ရသည့် ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) (၀ဲ)၊ သခင်သန်းထွန်း (ဗမာပြည် ကွန်မြူနစ်ပါတီ) (အလယ်)၊ သခင်စိုး (ကွန်မြူနစ်ပါတီ-ဗမာပြည်) (ယာ)။ (ဓာတ်ပုံ - ပြည်သူ့အာဏာ ဂျာနယ်)
သခင် သန်းထွန်းသည် နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့သူ ဖြစ်သည်။ မြန်မာ့ တော်လှန်ရေး သမိုင်း အဆက်ဆက် တွင်လည်း သခင် သန်းထွန်းသည် ရှေ့တန်းက ပါဝင်ခဲ့သည်သာ များသည်။
တို့ဗမာ အစည်းအရုံး ခေါင်းဆောင် တဦးအဖြစ်သာမက ၁၃၀ဝ ပြည့် ရေနံမြေ အလုပ်သမား အရေးနှင့် ကျောင်းသား အရေးတော်ပုံ တို့တွင် ဦးဆောင်မှုအပိုင်းမှ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သကဲ့သို့ တောင်သူ လယ်သမားများ၏ အရေး ကို လည်း ရှေ့ဆောင် လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြောက်ကျား စစ်ပွဲတွင်လည်း ဇွဲကောင်းကောင်းဖြင့် ဦးစီးပါဝင်ခဲ့သူ ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလှုပ်ရှားမှုနှင့် ကွန်မြူနစ် အင်အားစုကို စည်းရုံး ရှေ့ဆောင်ခဲ့သူမှာလည်း သခင်သန်းထွန်းပင် ဖြစ်သည်။
ဆရာကြီး ဒဂုန်တာရာက “ရုပ်ပုံလွှာ” စာအုပ်တွင် သခင်သန်းထွန်းအား ဤသို့မှတ်တမ်းတင် ရေးဖွဲ့ထားသည်။
အရင်းရှင်စနစ် အပိုင်း(၁)၊ (၂)၊(၃)၊(၄) - ဘိုဘိုကျော်ငြိမ်း
လစ်ဖရယ်ဒီမိုကရေစီ၊ အရင်းရှင်စနစ် နှင့် မာက်စ်ဝါဒ
ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်မှုတွေက လျှင်မြန်လွန်းလှတယ်။ မကြုံစဖူး တချိန်ထဲမှာ ဖြစ်ပျက်ကြတာ။ အာရပ်ကမ္ဘာမှာ အစိုးရတွေကို ပုန်ကန်ကြတဲ့ အာရပ်နွေဦးရယ် ၊ တကမ္ဘာလုံးပြန့်နှံ့ သွားတဲ့ Occupy Wall St ဆိုတဲ့ ဝေါစတိ (လမ်း) ကိုသိမ်းပိုက်ကြဆိုတဲ့ လူထုဆန္ဒပြမှုတွေရယ် ၊ဥရောပ ယူရို (Euro) ငွေကြေး ပြဿနာတွေ အကြောင်းကိုပြောတာပါ။
တကယ်တန်း ဆန်းစစ်ကြည့်ရင် လက်ရှိကမ္ဘာမှာ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေ အားလုံးဟာ အရင်းရှင် စီးပွားရေးစနစ်နဲ့ ဆက်စပ်နေပါတယ်။ သို့ သော် ဆက်စပ်မှုတွေဟာ သိမ်မွေ့သလို ရှုပ်ထွေး မှုတွေ ရှိတာကြောင့် ပြဿနာ အရင်းခံကိုသိရခက်တယ်။
တချိန်ထဲမှာ အပေါ်ယံရှပ်ကြည့်ရင် အရင်းရှင်စနစ် ဟာ မာက်စ်ဝါဒလို လမ်းဆုံးရောက်ပြီလားလို့ ထင် စရာ၊ မေးစရာ ရှိတယ်။
အမေရိကန် သတင်းသမားတွေက မြို့ အနှံ့ပြန့်သွားတဲ့ (သိမ်းပိုက်ကြ) ဆိုတဲ့လူထုဆန္ဒပြပွဲကလူငယ် တွေကို မင်းတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ မင်းတို့ရဲ့ ဦးတည်ချက်ကဘာလဲ၊ လို့မေးခွန်းထုတ်တဲ့အခါ၊ တယောက် တပေါက်၊ စိတ်ထင်ရာတွေဖြေကြတယ်။ အများစု ရဲ့ မကြေနပ်မှုဟာ သဘာဝကျတယ်။ ခံစားချက်တွေဟာ တရားတယ်လို့ဆိုနိုင်ပေမဲ့ လူနည်းစုဖြစ်တဲ့ လက်ဝဲအစွန်းရောက် နိုင်ငံရေး စိတ်ကူး ယဉ်သမားအချို့နဲ့ မင်းမဲ့ဝါဒီ (Anarchist) တွေကြောင့် သတင်းသမားတချို့ ရဲ့ ဝေဖန်မှု အထင်သေးမှု ကို ခံကြရရှာတယ်။
နိုင်ငံရေးမှာ လက်တွေ့ကျကျတွေးတတ်နိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဒီလိုလက်တွေ့ကျကျ တွေးတတ် နိုင်ဖို့ရာ ၊ အချက်အလက်ကို မှီကိုးတဲ့ သုံးသပ်မှုရှိရပါမယ်။ သုံးသပ်မှုမှန်ဖို့ရာ နားလည်မှု (အသိ) နဲ့ (အတွေးအခေါ်) ရှိရပါမယ်။ နောက်ဆုံး (စနစ်) ကို သိရပါမယ်။
အရင်းရှင် စနစ်ဆိုတာဟာ (စီးပွားရေး) စနစ်တခုသာလျှင်ဖြစ်တယ်။ နိုင်ငံရေး(၀ါဒ) မဟုတ်ပါ။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မှာ ထင်ရှားတဲ့ နိုင်ငံရေးကမ္ဘာ နှစ်ခုပေါ်ထွက်လာပါတယ်။ တခုက အမေရိကန် ဦးဆောင်တဲ့ (လွပ်လပ်) တဲ့ကမ္ဘာနဲ့ ဆိုဗီယက်ရုရှား ဦးဆောင်တဲ့ (ကွန်မြူနစ်) ကမ္ဘာ တို့ပါ။ လွပ်လပ်တဲ့ကမ္ဘာ (Free World) လို့ဆိုရရင်းက လစ်ဖရယ်ဒီမိုကရေစီလို့ ခေါ်တဲ့ အစိုးရကိုပြည်သူက ရွေးကောက်ပွဲနဲ့ ရွေးချယ်နိုင်တဲ့ စနစ်၊ တနည်းအားဖြင့် (ကိုယ်စားပြု ဒီမိုကရေစီစနစ်) Representative Democracy ကိုကျင့်သုံးကြလို့ပါ။

သူရဿ တီ ဘယ်ကလာသလဲ
သူရဿတီ ဘယ်က လာသလဲ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကို လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး အမျိုးကို စုံနေတယ်။ ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ် ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာ
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊ မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊ မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--
သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့ နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။ ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း
နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ် အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊ အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။ အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့ သူရဿတီ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။ အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။
အဲဒီပန်ဂျပ်မှာနေတာ အာရီယန်တွေဘယ်ကစတာလဲသိလား။အာရီယန်တွေ ကော့ကေးရှပ် တောင် တန်ကြီးက ဆင်းလာခဲ့တဲ့ အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်ကြီးက ဘယ်နားရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တန်းမှာလည်း မရှိဘူး။ ကက်စပီယန်ပင်လယ်နဲ့

လက်တွေ့သုံးသပ်ချက်
အလွန်အကြူ ကိုးကွယ်မှုသည် တစ်ခါတစ်ရံ ကျွန်ုပ်တို့ အတွက် အဟန့်အတား ဖြစ်စေသည်။ ကိုးကွယ်မှု သည်ကောင်း၏။ လမ်းပြခြင်းလည်း ပြု ပေ၏။ သို့သော် တစ်ခါတစ်ရံ လေးလံလာစေသည်။ ယနေ့ မြန် မာပြည်ဝယ် ကြည့်ပါ။ အားလုံးသည် ဘောင်ကန့်ထားသည်နှင့် တူ၏။
ဘာသာကြီးများကို ကိုးကွယ်သည်ထက် နတ်နဂါးများကို ကိုးကွယ်ခြင်းသည် သာလွန်ခဲ့ပြီ မဟုတ်ပါလော။ ဘာသာတရားတို့သည် လမ်းပြများ အဖြစ် ဆောင်ရွက်လာသည်မှာ ကျွန်တော်တို့ အသိပင် ဖြစ်သည်။ သို့သော် အထက်ပါ ကိုးကွယ်မှုသည်ကား ဘာသာတရားမဟုတ်ပေ။ မျောက်ပြ ဆန်တောင်းသာ ဖြစ်ချေ၏။ နတ်စကားနှင့် ပြောရလျှင် မကိုးကွယ်ပါနှင့်။ စော်ကားခြင်းလည်း မပြု ပါနှင့်။ သူတို့က ကိုယ့်ထက် အသက် ကြီးသည်လေ။
ဆိုတော့ သူတို့ကို ပပျောက်အောင် လုပ်ဖို့ လိုချေပြီ။ အမြစ်ကတော့ တွယ်နေပြီ ဖြစ်၍ ထားပါတော့။ နောက် လူများ မပါအောင် လုပ်ဆောင်ရတော့မယ်။ ဟောပြောမှုများ ဆောင်ရွက်ကြရမည်။ ဟောပြောသည်ဆိုခြင်း မှာ လူ၁၀၀ စုမိမှ ပြောရသည် မဟုတ်။ တစ်ယောက်ကို နားလည်အောင် ရှင်းပြသည်လည်း ဟောပြောခြင်း မည်ပေသည်။
လက်တွေ့ကို မယုံဘဲနှင့် လေဟာနယ်ကို ဖမ်းဆုပ်ချင်သည့် စိတ်ကို ဖြုတ်ပစ်ရအုံးမည်။ ဟုတ်ပါသည်။ လူတို့ မှာအတ္တရှိကြသည်ကို မငြင်းလိုပါ။ အတ္တကို တခြားနေရာတွင် အသုံးချပေးဖို့ လိုသည်။ လိုအပ်မှုကို ကိုယ်စွမ်း ညာဏ်စွမ်းမှ ရသည်ကို သိရှိစေခြင်းသည် ကယ်တင်ခြင်းပင် ဖြစ်သည် မဟုတ်ပါလော။

အတွေးအခေါ် စိတ် ယဉ်ကျေးမှု နယ်ပယ်ထဲ က နိုင်ငံရေး စာပေနှင့် လူငယ်
ဆရာ မောင်မိုးသူ နှင့် တွေ့ဆုံခြင်း
မြန်မာ စာပေလောက၌ ဘကြီး မိုးဟု ချစ်စနိုး
အစွဲပြုခေါ်ခံရသူ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ သည် ၁၉၅၃ ခုနှစ်ထုတ်
မန္တလေး “ဗဟိုစည်” မြန်မာ့ လမ်းစဉ် တို့တွင် ကဗျာများ စတင် ရေးသားခဲ့ပြီး
အနု ပညာလောက သို့ဝင်ရောက်ခဲ့ သည်။ ကြေးစား၊ အိပ်ဇိုးဒပ်၊ ကျား ကုတ်ကျားခဲ၊
သဲကြီးမဲကြီး၊ အိပ်မက် ကုန်သည်၊ သေနေ့၊ မာဖီး ယားနှင့် ပေါ်ပီပန်း စသည့်
ဘာသာပြန် ဝတ္ထု များဖြင့် ထင်ရှား အောင်မြင်ခဲ့သည်။ “မန်း” ခေတ်သတင်းစာနှင့်
ခေတ်ဂျာ နယ်တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ပြီး မိုးဦးပန်း စာပေ
တိုက် တည်ထောင်ခဲ့ သူဖြစ်သည်။ ရေပွက် ပမာနှင့် ရန်ကုန် သားနှင့် မန္တလေးသူ
ဇာတ်ညွှန်း များ ရေးသား ခဲ့ပြီး မှုန်နံ့သာခြယ်ကာ သပါလို့၊ ကျွန်တော့်
နာမည်ကျော်ကျော် အပါ အဝင် ရုပ်ရှင် ဇာတ်ကား ဆယ်ကား ကျော်မျှ ဒါရိုက်တာ
အဖြစ် ရိုက်ကူး ခဲ့သည်။ ဗီဒီယိုခေတ်ဦး တွင်လည်း ရှက်လည်း ရှက်တယ်။
ချစ်လည်း ချစ် တယ်နှင့် ချစ်ခဲ့မိပြီ ဇာတ်ကားများ ရိုက်ကူးခဲ့သူ ဖြစ်သည်။
တစ်ခေတ် တစ်ခါက မြန်မာ့ စာပေလောက ၌ နိုင်ငံရေး စာပေသည် ဖွံ့ဖြိုးထွန်း
ကားခဲ့သလို လူငယ်ထု ၏ အတွေး အခေါ် ဥာဏ်ပညာ မြင့်မား၍ စိတ်ပိုင်း ဆိုင်ရာ
ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အားကောင်းစေ ခဲ့သည်။ ထို့ ကြောင့်
နိုင်ငံရေး စာပေနှင့် ထိတွေ့ မှုအား ကောင်း ခဲ့သော ခေတ် ကို လူငယ် တစ်ယောက်
အနေဖြင့် ဖြတ် သန်းခဲ့ ဖူးသူ ဆရာ မောင်မိုးသူက..
Subscribe to:
Posts (Atom)