ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားနှစ်ဦး ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဖမ်းဆီးကာ အမှုကို သေချာ
စွာ ဖြေရှင်းခြင်း မရှိဘဲ လူသတ်မှု တရားခံအဖြစ် ထွက်ဆိုခိုင်းတယ်လို့ ယူဆရပါတယ်။ ထိုင်းနိုင်ငံ ကရဲတွေဟာလည်း လာဘ်စားမှု ဘယ်လောက်များတယ်ဆိုတာ တစ်ကမ္ဘာလုံးက သိနေကြပါတယ်။ ပြီးတော့ ဗြိတိန်နိုင်ငံကလည်း သူတို့နိုင်ငံသား သေဆုံးမှုကို ဖိအားပေး အမှုမှန် ဖော်ခိုင်း နေတာပဲ ဖြစ်ပါတယ်။
မီဒီယာတွေက ခန့်မှန်းချက်တွေ ထဲမှာတော့ ထိုင်းမာဖီးယား ဂိုဏ်းသားတို့က ကျူးလွန်ပြီး မြန်မာလူမျိုး ရွေ့ပြောင်းလုပ်သားတွေကို ထိုးကျွေးလိုက်တာ လို့ယူဆ နေကြပါတယ်။ ဒီအတွက် အသနားခံစာကို အောက်က လင့်မှာ ဝင်ရောက်ရေးသားပြီး ထိုင်းနိုင်ငံ အခြေစိုက် ဗြိတိန် သံရုံးက သံတမန် Mr.Mark Kent ဆီပေးပို့နိုင်ပါတယ်။
http://www.change.org/p/the-government-of-the-united-kingdom-independently-investigate-the-horrific-murders-of-hannah-witheridge-and-david-miller?utm_campaign=new_signature&utm_medium=email&utm_source=signature_receipt#share
လေးစားစွာဖြင့် - New Age Myanmar
.
No comments:
Post a Comment