Wednesday, March 18, 2015

ကူညီပါရစေ

ဓာတ်ပုံ စိုးဇေယျာထွန်း/ရိုက်တာ
  ထက်အောင်ကျော်          
      
          ““ကျွန်ပညာရေး အလိုမရှိ””ဟုဆိုကာ စနစ်တကျယိုယွင်းပျက်စီးနေသော ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးရန်ကျောင်းသားများက သပိတ်စစ်ကြောင်း တစ်ရပ်ဆင်နွှဲကြသည်။ ကျောင်းသားများ၏တောင်းဆိုမှုကို အစိုးရဘက်မှ ပထမလိုက်လျောပေးရန် အရိပ်အယောင်ပြခဲ့ပြီး တွေ့ဆုံနွေးနွေးမှုများနှင့်ကြားဝင်ညှိနှိုင်းမှုများနှင့် အချိန်ကုန်စေခဲ့သည်။
         နောက်ဆုံးပညာရေးကို ပြုပြင်ပြောင်းလဲလိုသောပင်မသပိတ်စစ်ကြောင်းကို ရန်ကုန်မြို့သို့ အ၀င်မခံဘဲလက်ပံတန်းမြို့တွင် အစိုးရမှဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။
          သပိတ်စစ်ကြောင်း ထွက်ပေါက်မရ။ ချီတက်မည့် လမ်းကြောင်း ပတ်ဆို့ခံထားရသည့်နောက်ပိုင်းမတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီကျော်တွင် အဆိုပါကျောင်းသားစစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့အခြေအနေတင်းမာလျက် အကြမ်းဖက်ဖြိုခွဲမှုကို ခံရသည့် အဆင့်တစ်ခုသို့ပင် ရောက်ရှိခဲ့ကြသည်။
     ကျောင်းသားထုကို ၎င်းကဲ့သို့ အင်အားသုံးဖြိုခွင်းခဲ့သည့်အပေါ် မြန်မာပြည်သူ တစ်ရပ်လုံးသည်ရင်ထုမနာဖြစ်လျှက် အကြမ်းဖက်မှုကို ကဲ့ရဲ့ရှုတ်ချအပြစ်တင်သည့်အနေဖြင့် ရန်ကုန်မြို့တွင် ပြည်သူလူထုအချို့နှင့်မျိုးဆက်သစ်ကျောင်းသားများက
ဆန္ဒထုတ်ဖော်လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
        ကျောင်းသားအရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားအရေးကို ယင်းကဲ့သို့ ရက်ရက်စက်ကိုင်တွယ်ဖြေရှင်းခဲ့သည့်အပေါ် ““ကူညီပါရစေ””ဆိုသည့် ရဲတပ်ဖွဲ့ဝင်တို့ ၏ ဆောင်ပုဒ်ကို ပြည်သူများက လက်ညိုးထိုးပြစ်တင်ဝေဖန်လာကြပြီ ဖြစ်သည်။
       လက်ပံတန်းကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွဲရာတွင် ကျောင်းသားများအပါအ၀င်၊ ပြည်သူတချို့နှင့် လာရောက်သတင်းယူသော မီဒီယာသမားများပါ ဖမ်းဆီးရိုက်နှက်မှုကို ခံခဲ့ရသည်။
      ကျောင်းသားများက စတင်အကြမ်းဖက် ကျူးကျော်လာခြင်းကြောင့် ဥပဒေနှင့်အညီ ဖြိုခွဲခဲ့ခြင်း ဖြစ်ကြောင်းကို နိုင်ငံပိုင်ရုပ်သံနှင့်သတင်းမီဒီယာများမှတစ်ဆင့် အစိုးရက သတင်းထုတ်ပြန်ပြသခဲ့သော်လည်း ကျောင်းသားများအပေါ် ရဲတပ်ဖွဲ့ဝင်များကအငြိုးကြီးစွာလိုအပ်သည်ထက် ပိုမိုအင်အားသုံးကာရိုက်နှက်ဖမ်းဆီးခဲ့ကြသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းများက ကြေညာချက်ထုတ်လျက် ၀ိုင်းဝန်းပြစ်တင်ခဲ့ကြသည်။ လူမှုကွန်ရက်ပေါ်တွင်ရောက်ရှိလာသည့် ပုံများကလည်း အကြမ်းဖက်မှုကို သက်သေခံနေသည့်အတွက် ငြင်းဆန်မရနိုင်သော ဖြစ်ရပ်တစ်ခုဖြစ်နေသည်။
       လက်ပံတောင်းတောင်း တစ်ကျော့ပြန် ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့မှပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာသူတောင်သူမကြီး ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ခုနှစ် နှစ်စပိုင်းက NGOများကို မြို့နေလူထုမှ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကိုသေနတ်ဖြင့် ပစ်ဖောက်လူစုခွဲရာမှ ဆယ်နှစ်အရွယ်ခန့်ရှိအမျိုးသမီး ကလေးငယ်အပေါ် ကျည်ဆန်ထိမှန်သဖြင့်သေဆုံးမှု ဖြစ်ပွားခဲ့သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယခုတစ်ကြိမ်အကြမ်းဖက်မှုမှာ ရဲတပ်ဖွဲ့အတွက် အမည်းစက်တစ်စက်ထပ်တိုးလာခြင်း ဖြစ်သည်။
စည်းလွတ်ဝါးလွတ် ရဲတပ်ဖွဲ့လား
        လက်ပံတန်းမြို့ အကြမ်းဖက်မှုကို ဖြိုခွဲသည့်ရဲတပ်ဖွဲ့၏ လုပ်ရပ်များမှာ စနစ်တကျ ဖြိုခွဲခြင်း မဟုတ်ဘဲ စည်းလွတ်ဝါးလွတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းကို အကြမ်းဖက်ရိုက်နှက်ခံခဲ့ရသည့် ကျောင်းသားများ၊လူနာတင်ရန် အဆင်သင့်လုပ်ထားသည့် မော်တော်ကားကို ထုရိုက်၊ ကန်ကျောက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့်ကျောင်းသားသပိတ် သတင်းပြန်ကြားရေး မော်တော်ကားကို ဒေါသတကြီးဖျက်ဆီးခဲ့ခြင်းက သက်သေပြလျှက်ရှိသည်။
      

Wednesday, February 18, 2015

လုပ်ပွဲ Vs စစ်ပွဲ

မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်တပ်ဖွဲ့တို့ အပစ်အခတ်များကြောင့် တပ်မတော်သားများ အကျအဆုံးရှိသလို ဒေသခံပြည်သူလူထုလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်၊ လောက် ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ လုံးဝအလျော့ပေးမှာမဟုတ်ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
         ““လောက်ကိုင်ဖြစ်စဉ်သည် အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တိမ်းရှောင်အဖွဲ့သည်လောက်ကိုင်ဒေသအား တိုက်ခိုက်သိမ်းပိုက် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အားဖြုတ်ချ၍ အာဏာသိမ်းရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်းတစ်ခုအားတိုက်ခိုက်လာခြင်းဖြစ်၍ တပ်မတော်အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း၊ လုံးဝလျော့၍မရကြောင်း”“ကာကွယ်ရေးဦးစီးချုပ်က ပြောထားပါတယ်။
          ဖေဖော်ဝါရီလ ၉ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သော ဖုန်ကြားရှင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့တိုက်ပွဲများကတော့ ၃ ရက်အတွင်းကို တိုက်ပွဲပေါင်း၁၃ ကြိမ်ဖြစ်တယ်ဆိုတော့ အပြင်းအထန်အနေအထားဖြစ်ပါတယ်။ လောက်ကိုင်မြို့ မှာလည်း ပုဒ်မ ၁၄၄ထုတ်ပြန်ထားပါတယ်၊ လားရှိုးနှင့် မန်္တလေးမြို့များတွင်လောက်ကိုင်မှ စစ်ဘေးရှောင်များ ရောက်ရှိနေကြပြီဖြစ်ပါတယ်။
        ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်ထောင်စုနေ့မတိုင်မီလောက်ကိုင်မြို့ကို သိမ်းပိုက်ပြီး အစိုးရအကျပ် အတည်းဖြစ်စေရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခဲ့တာတွေကို တပ်မတော်က တားဆီးနိုင်ခဲ့တယ်ဆိုတဲ့သဘောထားတွေကိုလည်း အစိုးရသတင်းမီဒီယာတွေက ကြေညာခဲ့ပါတယ်။
     အခုဖြစ်ပွားနေတဲ့ ကိုးကန့်တပ်ဖွဲ့နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက်္ခိုင့်တပ်မတော်(AA)၊ ရှမ်းပြည် တပ်မတော် (SSA) တို့ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။

 

Saturday, December 13, 2014

နဂါးနီ ကောက်ကြောင်း

        ကာလပေါ် တေးသီချင်းများကို အန်တုကာ ယခုအချိန်အထိ မားမားမတ်မတ် ရပ်တည် နေသည့် အရာ တစ်ခုကို ပြပါ ဆိုလျှင်တော့ ဘိုးသက်ရှည် တေးသီချင်း နဂါးနီကိုသာ ပြရ ပါလိမ့်မည်။ ယနေ့ခေတ်တွင် အလှူ ခံသည့် နေရာ အချို့ တွင် နဂါးနီရှိနေသေးပြီး လူအချို့၏ ပါးစပ်ျေားတွင်လည်း နဂါးနီ မှီခိုနေသေးသည်။ အဘယ်ကြောင့် ပါနည်း။
           ၁၉၃၉ခုနှစ် ကိုလိုနီ ခေတ်တည်းက စတင်ခဲ့သည့် နဂါးနီက ယခုအချိန်အထိ လူသိထင်ရှား သီချင်း တစ်ပုဒ် အဖြစ် ရပ်တည်နိုင်နေသေးသည့် ဂုဏ်ပုဒ် တစ်ခုက မလွယ်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်နားတွင်နေသည့် ဇိုးသမား ဦးလေးကြီး မူးလာရင် နဂါးနီသီချင်းကို အော်ဆိုလာလေ့ ရှိသည်။ "ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဖဂေါ ဏ တို့ မ တဲ့ ကိန်းဆိုက်ပြီ" ဟုဆိုသည့် အပိုဒ်ကို ရင်ခေါင်းသံဖြင့် ကျူးရင့်သည့် အသံကြားရ့လျှင် သူမူးလာကြောင်း ကျွန်တော်တို့ ကလေးတွေ သိကြပြီ။
            လူထုအတွင်း ရေပန်း စားခဲ့ပုံ ဖြစ်သည်။ သို့သော် လက်ရှိတွင် ရောက်နေသည့် နေရာနှင့် နဂါးနီကို အသုံးပြုရန် ရေးစပ်ခဲ့သည်ကတော့ နေရာ အနည်းငယ် လွဲနေသည်။

Saturday, November 1, 2014

မြန်မာပြည်အနှံ့မှ သရဲများ




(ဟေးလိုးဝင်း အမှတတရပေါ့ဗျာ။မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ရယ်လို့ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင် ဟောခဲ့သေးမို့လား)

ဟစ်ပ်ဟော့ပွဲတစ်ပွဲက အ၀င်ဝမှာ လက်မှတ်သိမ်းနေသူ တစ်ဦးဟာ အမျိုးသမီးငယ်တစ်ဦး
လက်မှတ်မပြဘဲ ဖြတ်ဝင်သွားတာကို သတိထားလိုက်မိပါတယ်။
လက်မှတ်တောင်းဖို့ လှည့်ပတ်ကြည့်လိုက်တော့ သူ့ရှေ့မှာတင် ကောင်မလေး ပျောက်သွားပါ
တယ်။
နောက်တော့ အဲဒီဂီတ ဖျော်ဖြေပွဲက ဒီဂျေကလည်း ခန်းမတစ်နေရာကနေ သူ့ကို အမျိုးသမီး
တစ်ဦး စိန်းစိန်းဝါးဝါး စိုက်ကြည့်နေတာကို သတိထားမိလိုက်ပါတယ်။
သုံး-လေးစက္ကန့် အကြာမှာတော့ ပျောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဒီဂျေစက်လည်း
ပျက်သွားပါတယ်။
မဂ္ဂဇင်းတစ်စောင်ရဲ့ အယ်ဒီတာတစ်ဦးဟာ သူအလုပ်လုပ်ရာ ရုံးခန်းလေးဆီ လျှောက်လာနေပါ
တယ်။
ရုံးခန်းထဲက စားပွဲတစ်ခုမှာ အ၀ါရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ဦး ထိုင်နေတာကို ပြတင်းပေါက်
ကနေ သူ လှမ်းတွေ့လိုက်ပါတယ်။
ဒါပေမဲ့ အခန်းရှေ့ရောက်တော့ ရုံးခန်းက အပြင်ကနေ သော့ခတ်ထားတာကို သူတွေ့လိုက်ရပါ
တယ်။
အခန်းတံခါးတောင် သော့မဖွင့်ရသေးဘူးဆိုတော့ တခြားလုပ်ဖော် ကိုင်ဖက်တွေ
ရုံးမရောက်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။
ခုနက အ၀ါရောင် ၀တ်စုံနဲ့ အမျိုးသမီး ရှိနေတဲ့နေရာကို ပြန်ကြည့်လိုက်တော့ နေရာမှာ
မရှိတော့ပါဘူး။
မြို့ထဲက ရုံးခန်းတစ်ခုမှာ ၀န်ထမ်း လေးယောက်လောက်ဟာ ရုံးချိန် နောက်ပိုင်းမှာ
အိမ်မပြန်သေးဘဲ ဖေ့စ်ဘွတ်ခ်သုံးနေကြပါတယ်။
တစ်ယောက်ယောက်က ဒေါက်ဖိနပ်စီးပြီး ရုံးခန်းထဲမှာ လှည့်ပြီးသွားနေတဲ့ အသံကို သူတို့
လေးယောက်စလုံး ကြားလိုက်ပါတယ်။
ကွန်ကရစ်ကြမ်းပြင် ပေါ်မှာ 'တဒေါက်ဒေါက်'နဲ့ လျှောက်လာနေတဲ့ ဒေါက်ဖိနပ်သံက သုံးလေး
မိနစ်လောက် ရပ်သွားပြီးမှ လာရာလမ်းအတိုင်း ပြန်သွားတဲ့အသံ ပြန်ထွက်ပေါ်လာပါတယ်။
အဲဒီအချိန်မှာ ဒေါက်ဖိနပ်စီးတတ်တဲ့သူ တစ်ယောက်မှ ရုံးမှာ မရှိတော့ပါဘူး။
စိတ်ကူးယဉ်အကြောင်းအရာတွေထက် ပိုပြီးဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ
တစ္ဆေခြောက်တဲ့အကြောင်း မေးမြန်းကြည့်လိုက်ရင် ရန်ကုန်ကလူတွေ တိုင်းနီးပါးမှာ
ပြောပြစရာတွေ ရှိနေတတ်ပါတယ်။
သူတို့ကိုယ်တိုင် ကြုံတာမျိုး၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေ
သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကို ပြောပြကြပါတယ်။
ဒီလိုတစ္ဆေပုံပြင်တွေကို မြန်မာနိုင်ငံအကြောင်း ဖြစ်ရပ်မှန်ဖော်ပြထားတဲ့ စာအုပ်တွေမှာလည်း
တွေ့ရပါတယ်။
Pascal Khoo Thwe ရဲ့  From the Land of Freen Ghosts (2002) စာအုပ်မှာတော့
မကောင်းတဲ့ဝိညာဉ် အဖြစ် စွဲမြဲယုံကြည်ထားလေ့ရှိတဲ့ အသတ်ခံလိုက်ရသူ၊ ဒါမှမဟုတ်
မတော်တဆ သေဆုံးသွားရသူ အစိမ်းသေတွေကြောင့် ကြောက်လန့်ခဲ့ကြရတဲ့ အကြောင်းကို
ဖော်ပြထားပါတယ်။
၁၉၈၈ အရေးအခင်းမှာ ပါဝင်တဲ့ ကျောင်းသားအုပ်စု တစ်စုဟာ မြန်မာအစိုးရဲ့ ရန်က လွတ်အောင်
ထိုင်းနယ်စပ်နားက တောင်တန်းတွေဘက်ဆီ ထွက်ပြေးကြရာမှာ စာရေးသူ ပါစကယ်ခူးသွယ်
ကိုယ်တိုင်လည်းပါဝင်ခဲ့ပြီး တစ်ညမှာ သူ့စောင်ကို တစ်ယောက်ယောက်က လာဆွဲနေသလို
ခံစားလိုက်ရပြီး နိုးလာပါတယ်တဲ့။

အားကိုးခံဖို့ မျှော်လင့်ပါတယ်

ယနေ့ မနက် ကိုးနာရီ (နိုင်ဝင်ဘာလ ၁ရက်နေ့) မြို့တော်ခန်းမရှေ့မှာ Education Digest က လုပ်သက် လေးနှစ်ရှိပြီ ဖြစ်တဲ့ သတင်းထောက် ကိုမင်းသီဟန်က မီဒီယာလောက သန့်ရှင်း စေဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အမှန်ပါပဲ။ တလောဆီက ပြည်တွင်းနံပတ်တစ် ခရိုနီ ဦးတေဇ ဆီက ငွေ ဆယ်သိန်း ယူတယ်ဆိုတဲ့ ကိစ္စ မီဒီယာ လောကမှာ ပွတ်လောရိုက်ခဲ့ပြီး Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက လုပ်တဲ့ ဆင်းကဒ် မိတ်ဆက်ပွဲမှာလည်း တန်ဖိုးကြီး လက်ဆောင်ရယူသူ မီဒီယာ အချို့ကြောင့် ဝေဖန်မှုတွေ အတော်ကြီး ထွက်ပေါ်ခဲ့ပါတယ်။ ဒါက ထင်ရှားတဲ့ ဖြစ်ရပ် တစ်ချို့ပါ။
ပြီးတော့ ငွေပေးမှ သတင်းရေးတဲ့ မီဒီယာ အချို့၊ ငွေပေးပြီး သတင်းထိန်ချန်လို့ ရတဲ့ မီဒီယာ သမား အချို့၊ ပွဲတွေမှာ လက်ဆောင်လိုက်တောင်းတတ်တဲ့ မီဒီယာတွေ မမြင်ချင်အဆုံး မြင်နေရဆဲပါ။ ဒါတွေကို ရပ်တန့် ဖို့က အာဏာပိုင်တွေထက် ကိုယ်တိုင်မှသာ တာဝန်ရှိတယ် ဆိုတာ အားလုံးအမြင်ပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေကို တောင်းပေးနေတဲ့ မီဒီယာသမားတွေကို ကျွန်တော်တို့ လေးစားရ သူတွေပဲ ဖြစ်စေ ချင်ပါတယ်။
                                                                    New Age Myanmar

                                                                      

Wednesday, October 29, 2014

အခမဲ့ စာအုပ်စင်

  1. (အခမဲ့ ဒေါင်းလုတ်ရယူနိုင်သော စာအုပ်များကို ရှာဖွေကာ တစ်နေရာထဲတွင် စုစည်းပေးထားပါသည်။) 
  2. မဟာသေနာပတိ (ချစ်ဦးညို)
  3. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
  4. မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
  5. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
  6. ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
  7. အာဇာနည် (ဦးနု)
  8. တာတေ စနေသား (ဦးနု)
  9. ဘ၀အကျဉ်းသား (ဦးရွှေအောင်)

New Age Myanmar

စာများ အတင်ကြဲသွားသည့် အတွက် တောင်းပန် အပ်ပါသည်။ နောင်တွင် ဆရာမ မသီတာ စမ်းချောင်း၏ လောကဓံ ဒူးမထောက်၊ လက်မမြှောက်ဘဲ ရုန်းထွက်ကြသော လူငယ်များ၏ အကြောင်းများကို တစ်ဦးချင်းစီ တင်ပြ ပေးသွားပါမည်။

                                                            New Age Myanmar