ကာလပေါ် တေးသီချင်းများကို အန်တုကာ ယခုအချိန်အထိ မားမားမတ်မတ် ရပ်တည် နေသည့် အရာ တစ်ခုကို ပြပါ ဆိုလျှင်တော့ ဘိုးသက်ရှည် တေးသီချင်း နဂါးနီကိုသာ ပြရ ပါလိမ့်မည်။ ယနေ့ခေတ်တွင် အလှူ ခံသည့် နေရာ အချို့ တွင် နဂါးနီရှိနေသေးပြီး လူအချို့၏ ပါးစပ်ျေားတွင်လည်း နဂါးနီ မှီခိုနေသေးသည်။ အဘယ်ကြောင့် ပါနည်း။
၁၉၃၉ခုနှစ် ကိုလိုနီ ခေတ်တည်းက စတင်ခဲ့သည့် နဂါးနီက
ယခုအချိန်အထိ လူသိထင်ရှား သီချင်း တစ်ပုဒ် အဖြစ် ရပ်တည်နိုင်နေသေးသည့်
ဂုဏ်ပုဒ် တစ်ခုက မလွယ်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်နားတွင်နေသည့် ဇိုးသမား ဦးလေးကြီး
မူးလာရင် နဂါးနီသီချင်းကို အော်ဆိုလာလေ့ ရှိသည်။ "ဘိုးဘိုးအောင်နဲ့
ရှင်အဇ္ဖဂေါ ဏ တို့ မ တဲ့ ကိန်းဆိုက်ပြီ" ဟုဆိုသည့် အပိုဒ်ကို
ရင်ခေါင်းသံဖြင့် ကျူးရင့်သည့် အသံကြားရ့လျှင် သူမူးလာကြောင်း
ကျွန်တော်တို့ ကလေးတွေ သိကြပြီ။
လူထုအတွင်း ရေပန်း စားခဲ့ပုံ ဖြစ်သည်။ သို့သော် လက်ရှိတွင် ရောက်နေသည့် နေရာနှင့် နဂါးနီကို အသုံးပြုရန် ရေးစပ်ခဲ့သည်ကတော့ နေရာ အနည်းငယ် လွဲနေသည်။
တကယ်တော့ နဂါးနီ သီချင်းက နဂါးနီ
စာအုပ်တိုက်အတွက် ရည်ရွယ်
ထားရေးစပ်ထားခြင်း သာ ဖြစ်ပါသည်။ အဓိကက စာများများ ဖတ်ဖို့ နှိုးဆော်သည့်
သီချင်းဖြစ်သည်။ စာဖတ်ရုံဖြင့် ရနိုင်မည့် အခွင့်အလမ်းများ ကို တေးရေးသူက
မြုပ်ကွက်ဖြင့် ရေးစပ် ထားသည့် သီချင်းဖြစ်ပြီး အဆိုပါ သီချင်းမပေါ်မီကပင်
ဆရာစံက အင်္ဂလိပ် အစိုးရထံမှ ဆင် ရရှိခြင်းကို ဆင်ကြီးဂဋုန်ချီ ဟု ဆိုကာ
လျှို့ဝှက် စပ်ဆိုခဲ့သည့် သီချင်းက ရှိထားနှင့်ပြီးသား။
သို့သော်
နဂါးနီမှာ
လက်ဝဲ ၀ါဒ စာအုပ်တွေဆီ တိမ်းညွတ်ပြီး ရေးထားသည် အရေးအသားမျိုး ပါသည်။
ဟုတ်နိုင်ပါသည်။ နဂါးနီတိုက်ကို စထောင်စဉ်ကပင် အရင်းရှင်ကို တွန်းလှန်ရန်
မဟုတ်ပါလား။ ၁၉၃၉
ခုနှစ်ကစပြီး အခုအချိန်အထိ လူကြိုက်များနေတာတော့ နည်းနည်း ထူးဆန်းသည်။
ဘိုးသက်ရှည် သီချင်းလို့ ပြောရမယ် ထင်သည်။
သူ့သက်တမ်းတစ်လျှောက် ပါလီမန် ဒီမိုကရေစီ၊ အိမ်စောင့်အစိုးရ၊ မြန်မာ့
ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ၊ ဒီမိုကရေစီ စနစ်တွေ ဖြတ်သန်းခဲ့ပြီးပြီ။ တကယ်တော့ မ
တယ် ဆိုသည့် အသုံးအနှုန်းကို သည်းခြေကြိုက် သုံးနှုန်းပြီး ပြည်သူများကို
စာဖတ်အောင် ကြိုးစားထားတင်ပြထားသော သီချင်းတစ်ပုဒ်။ ပုဂံ ပြည်မှာ
မုဆိုးမတောင် ဘုရားတည်နိုင်အောင် လုပ်ပေးခဲ့တဲ့ ရှင်အဇ္ဖဂေါဏ မ မယ်ဆိုတော့
အားလုံးက ကြိုက်တာပေါ့။ တကယ်တော့ အန်လွဲခံရသည့် သီချင်းတစ်ပုဒ်အဖြစ် နဂါးနီ ရောက်တော့မည်။
No comments:
Post a Comment