Saturday, December 13, 2014

နဂါးနီ ကောက်ကြောင်း

        ကာလပေါ် တေးသီချင်းများကို အန်တုကာ ယခုအချိန်အထိ မားမားမတ်မတ် ရပ်တည် နေသည့် အရာ တစ်ခုကို ပြပါ ဆိုလျှင်တော့ ဘိုးသက်ရှည် တေးသီချင်း နဂါးနီကိုသာ ပြရ ပါလိမ့်မည်။ ယနေ့ခေတ်တွင် အလှူ ခံသည့် နေရာ အချို့ တွင် နဂါးနီရှိနေသေးပြီး လူအချို့၏ ပါးစပ်ျေားတွင်လည်း နဂါးနီ မှီခိုနေသေးသည်။ အဘယ်ကြောင့် ပါနည်း။
           ၁၉၃၉ခုနှစ် ကိုလိုနီ ခေတ်တည်းက စတင်ခဲ့သည့် နဂါးနီက ယခုအချိန်အထိ လူသိထင်ရှား သီချင်း တစ်ပုဒ် အဖြစ် ရပ်တည်နိုင်နေသေးသည့် ဂုဏ်ပုဒ် တစ်ခုက မလွယ်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်နားတွင်နေသည့် ဇိုးသမား ဦးလေးကြီး မူးလာရင် နဂါးနီသီချင်းကို အော်ဆိုလာလေ့ ရှိသည်။ "ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဖဂေါ ဏ တို့ မ တဲ့ ကိန်းဆိုက်ပြီ" ဟုဆိုသည့် အပိုဒ်ကို ရင်ခေါင်းသံဖြင့် ကျူးရင့်သည့် အသံကြားရ့လျှင် သူမူးလာကြောင်း ကျွန်တော်တို့ ကလေးတွေ သိကြပြီ။
            လူထုအတွင်း ရေပန်း စားခဲ့ပုံ ဖြစ်သည်။ သို့သော် လက်ရှိတွင် ရောက်နေသည့် နေရာနှင့် နဂါးနီကို အသုံးပြုရန် ရေးစပ်ခဲ့သည်ကတော့ နေရာ အနည်းငယ် လွဲနေသည်။