မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်တပ်ဖွဲ့တို့
အပစ်အခတ်များကြောင့် တပ်မတော်သားများ အကျအဆုံးရှိသလို ဒေသခံပြည်သူလူထုလည်း
ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်၊ လောက် ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့
လုံးဝအလျော့ပေးမှာမဟုတ်ဘူးလို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
““လောက်ကိုင်ဖြစ်စဉ်သည် အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့်
ကိစ္စဖြစ်ပါကြောင်း၊ ဖုန်ကြားရှင်ဦးဆောင်သည့်
ကိုးကန့်တိမ်းရှောင်အဖွဲ့သည်လောက်ကိုင်ဒေသအား တိုက်ခိုက်သိမ်းပိုက်
အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အားဖြုတ်ချ၍ အာဏာသိမ်းရန်ဖြစ်ကြောင်း၊
နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်းတစ်ခုအားတိုက်ခိုက်လာခြင်းဖြစ်၍
တပ်မတော်အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း၊
လုံးဝလျော့၍မရကြောင်း”“ကာကွယ်ရေးဦးစီးချုပ်က ပြောထားပါတယ်။
ဖေဖော်ဝါရီလ ၉ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သော
ဖုန်ကြားရှင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့တိုက်ပွဲများကတော့ ၃
ရက်အတွင်းကို တိုက်ပွဲပေါင်း၁၃ ကြိမ်ဖြစ်တယ်ဆိုတော့
အပြင်းအထန်အနေအထားဖြစ်ပါတယ်။ လောက်ကိုင်မြို့ မှာလည်း ပုဒ်မ
၁၄၄ထုတ်ပြန်ထားပါတယ်၊ လားရှိုးနှင့် မန်္တလေးမြို့များတွင်လောက်ကိုင်မှ
စစ်ဘေးရှောင်များ ရောက်ရှိနေကြပြီဖြစ်ပါတယ်။
ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေက
ပြည်ထောင်စုနေ့မတိုင်မီလောက်ကိုင်မြို့ကို သိမ်းပိုက်ပြီး အစိုးရအကျပ်
အတည်းဖြစ်စေရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခဲ့တာတွေကို တပ်မတော်က
တားဆီးနိုင်ခဲ့တယ်ဆိုတဲ့သဘောထားတွေကိုလည်း အစိုးရသတင်းမီဒီယာတွေက
ကြေညာခဲ့ပါတယ်။
အခုဖြစ်ပွားနေတဲ့ ကိုးကန့်တပ်ဖွဲ့နဲ့အတူ
တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက်္ခိုင့်တပ်မတော်(AA)၊
ရှမ်းပြည် တပ်မတော် (SSA) တို့ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေလည်း
ပျံ့နှံ့နေပါတယ်။