ယနေ့ မနက် ကိုးနာရီ (နိုင်ဝင်ဘာလ ၁ရက်နေ့) မြို့တော်ခန်းမရှေ့မှာ Education Digest က လုပ်သက် လေးနှစ်ရှိပြီ ဖြစ်တဲ့ သတင်းထောက် ကိုမင်းသီဟန်က မီဒီယာလောက သန့်ရှင်း စေဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အမှန်ပါပဲ။ တလောဆီက ပြည်တွင်းနံပတ်တစ် ခရိုနီ ဦးတေဇ ဆီက ငွေ ဆယ်သိန်း ယူတယ်ဆိုတဲ့ ကိစ္စ မီဒီယာ လောကမှာ ပွတ်လောရိုက်ခဲ့ပြီး Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက လုပ်တဲ့ ဆင်းကဒ် မိတ်ဆက်ပွဲမှာလည်း တန်ဖိုးကြီး လက်ဆောင်ရယူသူ မီဒီယာ အချို့ကြောင့် ဝေဖန်မှုတွေ အတော်ကြီး ထွက်ပေါ်ခဲ့ပါတယ်။ ဒါက ထင်ရှားတဲ့ ဖြစ်ရပ် တစ်ချို့ပါ။
ပြီးတော့ ငွေပေးမှ သတင်းရေးတဲ့ မီဒီယာ အချို့၊ ငွေပေးပြီး သတင်းထိန်ချန်လို့ ရတဲ့ မီဒီယာ သမား အချို့၊ ပွဲတွေမှာ လက်ဆောင်လိုက်တောင်းတတ်တဲ့ မီဒီယာတွေ မမြင်ချင်အဆုံး မြင်နေရဆဲပါ။ ဒါတွေကို ရပ်တန့် ဖို့က အာဏာပိုင်တွေထက် ကိုယ်တိုင်မှသာ တာဝန်ရှိတယ် ဆိုတာ အားလုံးအမြင်ပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေကို တောင်းပေးနေတဲ့ မီဒီယာသမားတွေကို ကျွန်တော်တို့ လေးစားရ သူတွေပဲ ဖြစ်စေ ချင်ပါတယ်။
New Age Myanmar

No comments:
Post a Comment